[Zawgyi]
Baekhyun အသက်ရှူအောင့်မိသွားလေသည်။
ကျောနောက်ဖက်မှ အလွန်နီးကပ်သွားသော ဖြစ်တည်
မှုတစ်ခုက Baekhyun နှလုံးခုန်သံကို သိသိသာ
သာ တိုးမြန်လာစေ၏။
ဖြည်းဖြည်းချင်းစီ ကိုယ်ကိုငဲ့စောင်းလိုက်ရင်း ကျောနောက်တွင် ရောက်နေပြီဖြစ်သော ဆရာIMY
ကို လှည့်ကြည့်လိုက်မိသည်…။
" ဟင်… "
Baekhyunကို မကြည့်ဘဲ ဆရာမလေးကိုသာ
လှမ်းကြည့်နေသော ထိုသူက… Baekhyun
မျှော်လင့်ထားသောသူတစ်ယောက်မဟုတ်ခဲ့။
" ကျွန်တော့်ကို စာရွက်နဲ့ဖောင်တိန်လေးတစ်ချောင်း
လောက်…
ကျွန်တော့်အိတ်က ကားပေါ်မှာဆိုတော့… "
ဆရာမလေးက ခပ်သွက်သွက်ပဲ အနားမှ ထွက်သွား
သည်။ IMY၏မျက်နှာကိုသာ ငေးစိုက်ကြည့်နေမိ
သော Baekhyunသည်သာ နေရာမှ မရွေ့မိသေး။
ဂျပန်သွေးနှောတစ်ယောက်မှန်းသိသာသော ထိုသူက
ထိုအချိန်မှ Baekhyunကို သတိထားမိသည်…။
မျက်တောင်မခတ်စတမ်း ကြည့်နေမိသော Baekhyun အကြည့်တို့ကြောင့် မျက်မှောင်ကုတ်
သွား၏…။
မနှစ်သက်ဘူးနှင့်တူပါသည်။
" ဦးလေး… "
ဟာရူက လက်ကိုလှုပ်ရမ်းရင်း ဦးလေးဖြစ်သူကို
အသိဝင်စေသည်။ အင်းအင်းအဲအဲအသံဖြင့် Baekhyun တစ်ယောက် မျက်တောင်တို့ကို
ခတ်လာ၏…။
လူက မျှော်လင့်ချက်တွေ ကုန်ဆုံးသွားဟန်ဖြင့်
လှုပ်ရှားနိုင်စွမ်းမရှိတော့။ နဂိုတည်းက ဖြစ်နိုင်ချေ
နည်းပါးသည်ကို Baekhyun အများကြီး မျှော်လင့်
လိုက်မိသည်ပဲ…။ မည်သည့်အရာအားကိုးနှင့်ပါလိမ့်။
" အွန်း… ဟာရူ…
ခဏအပြင်ထွက်ပြီး ပြန်ဝင်လာခဲ့နော်…
ဦးလေး ခန်းမထဲကနေ စောင့်နေလိုက်မယ်… "
" ဟုတ်ကဲ့… "
ဆန္ဒပြည့်ဝသွားသော ဟာရူက… ဦးလေး စိတ်မပြောင်းခင် အနားမှ အလျင်စလိုပြေးထွက်သွား
သည်…။ အနောက်တွင် ဦးလေးနှင့် စာရေးဆရာတို့
နှစ်ယောက်တည်းကျန်ရစ်ခဲ့သည်ကိုလည်း သတိမရ
တော့…။
စိတ်ပျက်သွားဟန်ဖြင့် ငြိမ်ကျနေသော Baekhyun
အား IMYက အပြုံးတစ်ချက်ဖြင့် ခေါင်းငြိမ့်ပြလိုက်
ကာ… လှည့်ထွက်ရန်ပြင်၏…။
ESTÁS LEYENDO
ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]
Romanceဘာအကြောင်းကြောင့်မဆို ငါက မင်းနဲ့ပဲ သက်ဆိုင်ချင်တယ်...။
![ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]](https://img.wattpad.com/cover/215486541-64-k941424.jpg)