[4.C]

2.2K 397 28
                                        

[Zawgyi]

လူလေးယောက်ရှိနေပေမယ့် ဧည့်ခန်းက တိတ်တိတ်
ဆိတ်ဆိတ်…။ Chanyeolက တစ်ချက်တစ်ချက်
Baekhyunကို လှမ်းကြည့်လိုက်သည်မှလွဲ၍
ကျန်သည့်အချိန်တွင် သူ့မျက်ဝန်းများက ကြမ်းပြင်ထက်
၌သာ…။ Mrs.Parkကတော့ အပြုံးချိုချိုတစ်ခုနှင့်
ရေပက်မဝင်စကားများကို Baekhyunအား ဆိုနေ
ဆဲဖြစ်၏…။

နေရခက်စွာ ပြုံးရယ်လိုက်ရင်း Baekhyun ယခု
အခြေအနေမှ အမြန်ပြေးထွက်ချင်လာသည်။
အထူးသဖြင့်… အကဲခတ်နေသည့် ထိုမိန်းကလေး၏
မျက်ဝန်းများ။ Chanyeol အကြည့်တို့အား မူပိုင်
ယူထားနိုင်သည့် Baekhyunကို ထိုမိန်းကလေးက
သေသေချာချာပင် အကဲခတ်ကြည့်လာ၏။
သူသာ မှတ်ဥာဏ်ကောင်းလျှင် Baekhyunကို မှတ်မိသင့်သည်။ အလယ်တန်းဒုတိယနှစ်တွင် သူတို့
တစ်ခါဆုံဖူးကြောင်း… … …။

" ညမိုးချုပ်နေပြီ…
ပြန်ရအောင် Baekhyun… "

အမေပြောနေသည့်စကားတို့အား ဖြတ်ပြောလိုက်
သည့်Chanyeolကို Mrs.Park စိတ်မဆိုးရက်။
သူ့သားသည် ယခုထိတိုင် သူ့အားခွင့်မလွှတ်နိုင်သေး
သည်ကို Mrs.Parkကိုယ်တိုင်လည်း ကောင်းကောင်းသိနေသည်။

" အော်… ဟုတ်သား ညမိုးချုပ်နေပြီပဲ…
အဲ့ဆို နောက်မှဖြစ်ဖြစ် အေးအေးဆေးဆေးတွေ့ရ
အောင်နော် Baekhyunလေး… "

" တစ်ခါတည်းပြန်မလား…
ကျွန်တော် တံခါးပိတ်ခဲ့မှာမို့… "

Chanyeol၏ နှင်ထုတ်နည်းက လှသည်။
အိမ်တွင် တစ်ညတာပင် အိပ်ခိုင်းရန် အစီအစဉ်မရှိ
သည်ကို သိလိုက်ရသည့်နောက်… Mrs.Park
နှင့် ထိုမိန်းကလေး မျက်နှာအပျက်ပျက်နှင့် မတ်တပ်
ထရပ်၏…။

Baekhyun ခါးမှ ကိုင်ထားရင်း အိမ်ရှေ့သို့
ဦးဆောင်ထွက်စေသော Chanyeolသည်…
အမျိုးသမီးနှစ်ဦးအတွက် နှုတ်ဆက်စကားတစ်စုံတစ်ရာ
ပင် မဆိုခဲ့…။

Chanyeol အိမ်ရှေ့တွင် တွေ့ဆုံခဲ့သော လူလေး
ယောက်သည် ထပ်မံ၍ Chanyeol အိမ်ရှေ့တွင်ပဲ
ဆန့်ကျင်ဖက်အရပ်များသို့ ကျောခိုင်းခဲ့ကြပါ၏…။

တစ်ခုက… Chanyeolသည် Baekhyun နှင့်
အတူပါလာခဲ့သည်။

°• So I Call You •°

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now