Intro

20.6K 1.4K 149
                                    

zawgyi

သူငယ်ချင်းတစ်ယောက်ရဲ့ အဆွယ်ကောင်းမှုကြောင့် ကျွန်တော် သူ့ဆီကနေ Hybridလေး တစ်ကောင် ၀ယ်ခဲ့တယ် ။

Bunny အမျိုးအစားလေးဖြစ်တဲ့ Hybridလေးက ဖြူဖြူလုံးလုံးလေးနှင့် ချစ်ဖို့တော့ အကောင်းသား ။

ဒါပေမယ့် ကျွန်တော့်မျက်စိထဲမှာ သူ့ကို ဘယ်လိုကြည့်ကြည့် သာမန် ယုန်လေးတစ်ကောင်ထက် မပိုဘူး ဖြစ်နေတယ် ။

Minhoကတော့ ပြောတယ် ။
Hybridတွေက 16နှစ်ဆို လူပုံစံ ပြောင်းလို့ရတယ်တဲ့ ။
ဒီ Bunny Hybridလေးက 15နှစ်ကျော်ပြီဆိုတော့ သူလည်း မကြာခင်မှာ လူပုံစံလေး ပြောင်းနိုင်တော့မှာတဲ့ ။

ကျွန်တော် googleမှာ Hybridအကြောင်း ရှာကြည့်လိုက်တော့ လူပုံစံလေး ပြောင်းသွားနိုင်ကြတဲ့ Hybridလေးတွေက ဖြူဖြူစင်စင် အပြစ်ကင်းစင်တဲ့ ပုံစံလေးတွေ ခန္ဓာကိုယ် သေးသေးညှက်ညှက်လေးတွေနဲ့ အရမ်း ချစ်ဖို့ကောင်းတာပဲ ။

ကျွန်တော့်ရဲ့ Bunny Hybridလေးကလည်း လူပုံစံ ပြောင်းနိုင်တဲ့အခါ အဲ့လိုပဲ ချစ်စရာလေး နေမှာပေါ့နော် ။

ကျွန်တော် Bunny Hybridလေးကို အရိပ်တကြည်ကြည် ကျွေးမွေးစောင့်ရှောက်ခဲ့ပေမယ့် Bunnyလေးက မုန်လာဥနီ စားတာအပြင် ဘာမှလည်း ထူးမခြားလာသေးဘူး ။

Minhoပြောတဲ့ 16နှစ်ဆိုတဲ့ အချိန်ကိုတောင် လွန်နေပြီကို ။

တစ်နေ့မှာတော့ ကျွန်တော် အလုပ်က ပြန်လာတဲ့အချိန် Bunny Hybridလေးက လူပုံစံနဲ့ အသင့်စောင့်ကြိုနေခဲ့တယ် ။

အာ... တစ်ခုခုတော့ လွှဲနေတယ် ထင်တယ်...။
ယုန်မျက်နှာလေးနဲ့ တူနေလို့သာ ကျွန်တော့်ရဲ့ Bunny Hybridလေး လူအသွင်ပြောင်းသွားမှန်း လက်ခံနိုင်လိုက်တာ ။

ကျွန်တော့်ရဲ့ Hybridလေးမှာ ကျွန်တော် Googleကနေ ရှာကြည့်ထားတဲ့ အချက်အလက်တွေလို ဖြူဖြူစင်စင် အပြစ်ကင်းစင်တဲ့ အသွင်အပြင်လည်း မရှိဘူး..။
သေးသေးညှက်ညှက် ခန္ဓာကိုယ်လည်း မဟုတ်တဲ့အပြင် ကျွန်တော့်ထက်တောင် ခန္ဓာကိုယ် အရွယ်အစားက ကြီးနေသေးတယ်!!

ပြီးတော့ Hybridမှာ မွေးရာပါ Tattoo ရှိတတ်လို့လား??..

ကျွန်တော်ကိုယ်တိုင် ကြောက်ရဲ ကြောက်ရဲနဲ့ပဲ Hybridလေးကို ဆက်လက်မွေးမြူခဲ့ပေမယ့်...

He is Fake Hybrid!! (Complete)Where stories live. Discover now