Part ~ 10

7.6K 1.1K 59
                                    

zawgyi

" ဒုတ်!... "

တစ်ခွက်လုံး ကုန်စင်အောင် မော့သောက်ပြီးနောက် ဘီယာခွက်ကို ဆောင့်ချလိုက်သည့် Jeon Jungkook ။
သူ့ဟာလေးကို ဖိအားပေးသည့် လူများထံသို့ စူးရဲသည့် အကြည့် ပို့လွှတ်လိုက်လျှင် ထိုလူတို့က အလိုလိုရှိန်သွားကြလျက် ချောင်းအသာဟန့်ကာ ကိုယ့်ကိုကိုယ် ပြန်အသောက်အစား လုပ်နေကြသည် ။

Taehyungieကတော့ ပြောင်သလင်းခါသွားသည့် ဘီယာခွက်ကို တစ်လှည့် ဘာမှမဖြစ်သည့်ဟန် မျက်နှာထားနှင့် Bunnyကို တစ်လှည့် ကြည့်မိသည် ။

Bunnyက တကယ် သောက်နိုင်တာပဲ!!..
မဟုတ်မှ.. ဒါကလည်း တိုက်ခိုက်ရေး Hybridအမျိုးအစားရဲ့ စွမ်းရည်တစ်မျိုးများလား!!??..

အာ.. ဟုတ်တော့ မဟုတ်သေးပါဘူး.. ။

Bunnyကို Taehyungie တိတ်တဆိတ် အကဲခတ်နေစဉ် Bunnyက နောက်ထပ် ဘီယာတစ်ခွက်ကိုပင် အေးအေးလူလူ ယူသောက်နေသည် ။

" Taehyungie.. စောင့်ရတာ ကြာသွားလား.. Hyung ဖုန်းပြောတာ ကြာသွားလို့.. sorry.. "

" အာ.. မဟုတ်တာ Hyung.. "

Hoseok Hyungက Taehyungieမှာ ရင်းနှီးတဲ့သူဆိုလို့ သူနှင့်Namjoonပဲ ရှိသည်ကို သိသည့်အားလျော်စွာ Taehyungieရှေ့ ဘီယာခွက်လေး ချပေးသည် ။

" သိပ်မသောက်နိုင်လည်း နည်းနည်းတော့ သောက်ပေါ့.. Taehyungie.. ဒါနဲ့ အဖော်ပါလာတာပဲ.. သူက ဘယ်သူလဲ.. "

Bunnyကို Hoseok Hyungက ညွှန်းလာပါလျှင် Taehyungie မည်သို့ ပြန်ဖြေရမည်မသိဘဲ လမ်းပျောက်သွားရသည် ။

သူ့ရဲ့Hybridလို့ မိတ်ဆက်ပေးရအောင်ကလည်း အသက် 16နှစ်သားသာ ရှိသေးသည့် သူ့Bunnyက ဘီယာခွက်ကို ကောက်မော့နေသည်လေ ။

" အာ... သူ..သူငယ်ချင်း... Kim Jungkookတဲ့.. Hyung.. "

" ၀ိုး.. Taehyungieမှာ အဲ့ဒီလို သူငယ်ချင်း ရှိတယ်ပေါ့.. အာညော်.. Jungkook ssi.. Hyungနာမည်က Jung Hoseokပါ.. "

Hoseok Hyung၏ မိတ်ဆက်မှုကို Bunnyက တစ်ချက်သာ ကြည့်ပြီး အဖက်မလုပ်သောကြောင့် Taehyungie ပူထူသွားရကာ Hoseok Hyungကို အားနာသွားရသည် ။

" ဟီး... သူက လူစိမ်းဆို ကြောက်တတ်လို့.. "

" အာ... "

He is Fake Hybrid!! (Complete)Where stories live. Discover now