Part ~ 17

8.4K 1K 49
                                    

zawgyi

" ငါ ရေအရင် ချိုးလိုက်ဦးမယ်.. မင်းရော တစ်ခါတည်း လိုက်ချိုးမလား.. "

မျက်ရည်စများနှင့် Taehyungie ခေါင်းလေး ယမ်းပြမိလိုက်သည် ။

" ဒါဆို.. အသင့်ပြင်ထား... "

တီရှပ်ကို ဆွဲချွတ်လိုက်သည့် Jeon Jungkook ။
Taehyungie မျက်နှာလေး ရဲပလောင်းခတ်သွားလျက် ကပျာကယာမျက်နှာလွှဲလိုက်ရသည် ။

ရေချိုးခန်းထဲသို့ Jungkook ၀င်သွားလျှင် Taehyungie ကြောက်စိတ်ကြောင့် အိပ်ခန်းထဲမှာ လက်သည်းလေးအား တတိတိ ကိုက်နေမိသည် ။

Taehyungie ထွက်ပြေးရမလား??..

အာ.. ပြန်မိခဲ့ရင်ရော.. Taehyungie ထွက်ပြေးနေတုန်း သေနတ်နဲ့ အပစ်ခံရရင် ဘယ်လိုလုပ်မလဲ!?..

အဲ့ဒီလိုဆိုပြီး Jungkookနဲ့ အတူတူအိပ်ရအောင်ကလည်း Taehyungie ကြောက်သည် ။

Taehyungie ရေချိုးခန်းဘက်သို့ မရဲတရဲ ကြည့်ရင်းမှ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် အခန်းတံခါး လက်ကိုင်ဘုလေးကို ဆွဲလှည့်လိုက်မိသည် ။

" ချောက်!... "

အလွယ်တကူ ပွင့်ဟသွားသည့် တံခါး ။
Taehyungie စိတ်လှုပ်ရှားသွားရလျက် ထွက်ပဲပြေးရမလား??.. အခန်းထဲပဲနေရမလား?? ဝေခွဲမရ ဖြစ်သွားကာ ခန္ဓာကိုယ်လေး လှုပ်စိခတ်သွားရသည် ။

ထွက်ပြေးရင်ရော Taehyungie လွှတ်မြှောက်ပါ့မလား??..

Taehyungieမှာက ရွေးချယ်စရာလမ်းက ၂ခုပဲ ရှိသည် ။

အသက်လား??.. အရှက်လား??..
.
.
.

ရေချိုးခန်းထဲ၌ ရေပန်းအောက်မှာ ရေစက်များကို ခံယူနေသည့် Jeon Jungkook ။
တောင့်တင်းသန်မာလှသည့် ကြွက်သားအမြှောင်းမြှောင်းနှင့် ရင်အုပ်ကျယ် ။
အဖြူရောင် အသားရေထက် အလုပ်လုပ်ရင်းနှင့် ရရှိခဲ့သော ဒဏ်ရာ အမာရွတ်များကလည်း အများပြား။

သူ ခလုတ်ကို ပိတ်လိုက်လျှင် ရေပန်းက ရေစက်များက တိခနဲ ရပ်တန့်သွားသည် ။

ရေစိုနေသည့် ဆံနွယ်ကို လှန်တင်လိုက်ရင်း bathrobe ၀တ်ကာ အပြင်ပြန်ထွက်ခဲ့လျှင် ကုတင်ထက်၌ ပုံ့ပုံ့လေး ထိုင်နေသော သူ့ဟာလေးကြောင့် အလိုကျသလို နှုတ်ခမ်းထောင့်စွန်း ကွေးညွှတ်သွားရသည် ။

He is Fake Hybrid!! (Complete)Where stories live. Discover now