Part ~ 16

8K 1.1K 108
                                    

zawgyi

ဧည့်ခန်းထဲက ဆိုဖာထက်၌ ခန္ဓာကိုယ် လျော့တိလျော့ရဲ ထိုင်နေသည့် Jeon Jungkook သေနတ်ကို သူ့ဆံနွယ်တို့နှင့် တို့ထိနေသည် ။

သူ့ရဲ့အရှေ့မှာတော့ ကုပ်ကုပ်လေး ရပ်နေသော Taehyungie ။
ပန်းအိုးကို ပစ်လိုက်သည့် ကျည်ဆံက နံရံထက် စိုက်ဝင်သွားကာ အက်ကွဲရာကြောင်းများ ဖြစ်သွားသည်ကို အရှင်းသား မြင်လိုက်ရသည်မို့ ဒူးလေးက တဆတ်ဆတ် တုန်ယင်နေကာ ချွေးစေးများက နဖူးထက်၌ရော ကျောပြင်ထက်၌ရော တစိမ့်စိမ့် ထွက်နေသည် ။

" ဒီကို လာခဲ့..."

" N..Nae??.. "

Jeon Jungkook သူ့ဟာလေးကို သူနှင့်နီးကပ်ရာကို ခေါ်လိုက်လျှင် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် တိုးကပ်လာသည့် သူ့ဟာလေး ။

" ဒီမှာထိုင်... "

Jungkook ညွှန်ပြနေသည်က သူ့၏ပေါင်ပေါ် ဖြစ်နေသည်မို့ Taehyungie တုန်လှုပ်နေသည့်ကြား ဇဝေဇဝါ ဖြစ်သွားရသည် ။

ဘာလို့Taehyungieကို သူ့ရဲ့ပေါင်ပေါ် ထိုင်ခိုင်းနေတာလဲ!?..

သူ့ဟာလေးက တောင့်တောင့်ကြီးပဲ ရပ်နေသေးသဖြင့် Jeon Jungkook သူ့ဟာလေးလက်ကို ဆွဲလိုက်ကာ သူ့ပေါင်ပေါ် ထိုင်စေလိုက်သည် ။

" အိုမား!.. "

Taehyungie ရင်တလှပ်လှပ်ဖြင့် တံတွေးလေး မြိုချမိစဉ် Jungkookက သူ့လက်ထဲက သေနတ်လေးနှင့် Taehyungieမေးဖျားလေးကို မော့စေသည် ။

အီး... ။

Taehyungie ကြောက်ရွံ့မှုကြောင့် ငိုမဲ့မဲ့လေး ဖြစ်သွားရသည် ။

Taehyungie ငယ်ငယ်ရွယ်ရွယ်နှင့်တော့ မသေချင်သေးဘူး ။

" မင်းက ငါ့ဟာလေးဆိုတော့.. ငါနဲ့ပဲ တစ်သက်လုံး နေရမှာ.. ကြားလား.. ငါ့ကို ဒီနေ့လိုမျိုး ထပ်နှင်ခဲ့ရင် မင်းကို သေနတ်နဲ့ ပစ်ဖောက်ပြီး အလောင်းသိမ်းထားဖို့လည်း ၀န်မလေးဘူး.. "

Jungkook၏ အေးတိအေးစက် လေသံနှင့် စူးရဲသည့် အကြည့်ကြောင့် Taehyungie ကြောက်လန့်တကြားဖြင့် ပုတ်သင်ညိုလို ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည် ။

" အင့်... "

" ဘာလို့ ငိုနေတာလဲ... "

" အီး.. "

He is Fake Hybrid!! (Complete)Where stories live. Discover now