Part ~ 8

8K 1.1K 56
                                    

zawgyi

မီးဖိုချောင်၌ ညစာအတွက် ပြင်ဆင်နေသော Taehyungie ။

သူ့နောက်ကျောဘက် တစ်စုံတစ်ယောက်၏ စူးရဲစွာ စောင့်ကြည့်နေသလို ခံစားချက်ကို ရလိုက်သည်ကြောင့် ကျောလေးမတ်သွားရလျက် မရဲတရဲ အနောက်သို့ လှည့်ကြည့်လိုက်ပါလျှင် အပေါက်ဝ၌ ခြေစုံရပ်ကာ Taehyungieကို မမှိတ်မသုန် စိုက်ကြည့်နေသည့် Bunnyကြောင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည် ။

ဘာလဲ??.. Bunnyက ဘာဖြစ်ပြန်တာလဲ??...

Taehyungieထံသို့ တစ်လှမ်းချင်း တိုးကပ်လာသည့် Bunnyကြောင့် Taehyungie တုန်လှုပ်သွားသလို တံတွေးလေး မြိုချမိလိုက်သည် ။

" ဗိုက်..ဗိုက်ဆာပြီလား... ခဏနော်.. ကျက်တော့မှာပါ.. ဟီး.. "

သူ့ထံ တဖြည်းဖြည်းကပ်လာသည့် Bunnyကြောင့် Taehyungie အနောက်သို့ ဆုတ်စရာလမ်းလည်း မရှိဘဲ kitchen counter၌ လက်နောက်ပြန်လေးထောက်ကာ အားယူလိုက်ရသည် ။

Bunnyက Taehyungieအရှေ့သို့ ရောက်လျှင် ခန္ဓာကိုယ်က တဖြည်းဖြည်း ကိုင်းညွှတ်လာသည်ကြောင့် Taehyungie ပြာသွားရသည် ။

ဘာလဲ... ဘာလဲ!!... ငါ့ကို ဘာလုပ်မို့လဲ!!...

Taehyungie အထိတ်တလန့်နှင့် မျက်စိစုံမှိတ်လိုက်လျှင် Bunnyက သူ့ခေါင်းလေးကို Taehyungie ရင်ခွင်ထဲ တိုးဝှေ့ကာ ပွတ်သီးပွတ်သပ် လုပ်လာသည်ဖြစ်၍ အူကြောင်ကြောင် ဖြစ်သွားရသည် ။

ဘာလဲဟ!??...

အကောင်ပေါက်လေးသဖွယ် သူ့ဦးခေါင်းလေးနှင့် Taehyungie ရင်ဘတ်ကို တို့ထိနေသောကြောင့် Taehyungie လမ်းပျောက်သွားရကာ နောက်မှ လက်လေး မရဲတရဲမြှောက်ပြီး Bunnyရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်မိသည် ။

Bunnyလိုချင်တာက ဒါလား??...

သူပွတ်သပ်ပေးသည်ကို အသာတကြည် ငြိမ်ခံနေသော Bunnyကြောင့် Taehyungie တအံ့တသြ ဖြစ်သွားရသည် ။

တကယ် ဒါကြီးပဲ!!!...

တစ်ချိန်လုံးနီးပါး Taehyungieထံ လာရောက်တိုးဝှေ့နေသည့် Bunnyကြောင့် Taehyungie ပွတ်သပ်ပေးရသည့်လက်ပင် အံသေချင်လာသည် ။

ထမင်းစားပြီးလို့ ပန်းကန်သိမ်းဆေးချိန်လည်း Taehyungieရဲ့ နောက်ကျောကို သူ့ခေါင်းလေးနှင့် တိုးဝှေ့ကာ ပွတ်သီးပွတ်သပ်လုပ်သည် ။

He is Fake Hybrid!! (Complete)Dove le storie prendono vita. Scoprilo ora