Part ~ 14

7.3K 1K 66
                                    

zawgyi

Taehyungie အပြင်မှာ အချိန်တစ်ခုကြာ ဝေလေလေနှင့် အချိန်ဖြုန်းပြီးမှ အရင်အလုပ်ကနေ ပြန်ချိန်ရောက်ကို မှန်းဆပြီး အိမ်ကို ဟန်မပျက် ပြန်လာခဲ့လိုက်သည် ။

အိမ်တံခါးကို Taehyungie အနည်းငယ် တုန်နေသည့် လက်အစုံဖြင့် ဖွင့်လိုက်သည် ။

" ကျွီ..... "

ဟူး.. ငါ မသိချင်ယောင် ဆောင်ပြီးပဲ နေရမယ်..။

Taehyungieရဲ့ Hybridက သာမန်မဟုတ်ဘဲ လျှို့ဝှက်စစ်ဆင်ရေး တာဝန်ကို ထမ်းဆောင်နေသည့် တိုက်ခိုက်ရေး Hybrid အမျိုးအစားဖြစ်လို့ Taehyungieလည်း ပါဝင်ပူးပေါင်းပေးရလိမ့်မည် ။

မဟုတ်ရင် Taehyungieကို စစ်ဆင်ရေးမှာ ၀င်ရှုပ်တဲ့သူဆိုပြီး လက်စဖျောက်လိုက်ရင် ဘယ်လိုလုပ်မလဲ!!..

" ပြန်လာပြီလား.. "

" Nae... ကျွန်တော် ပြန်ရောက်ပါပြီ..Sir... "

ယဉ်ကျေးသည့် အသုံးအနှုန်းနှင့်အတူ Taehyungie အလိုလို ရိုကျိုးသွားရလျက် Bunnyကို ပြန်ဖြေကြားလိုက်သည် ။

Jeon Jungkookကတော့ သူ့ဟာလေး အပြုအမူကြောင့် မျက်ခုံးပင့်သွားသည် ။

" ကျွန်တော် ညနေစာအတွက် ပြင်ဆင်လိုက်ပါဦးမယ်.. Sir.. ခွင့်ပြုပါဦး.. "

Taehyungie အိပ်ခန်းဆီကို မျက်လွှာလေးချကာ လျှောက်လမ်းလာခဲ့ပြီးမှ အခန်းထဲသို့ရောက်လျှင် တံခါးကို ပိတ်လိုက်ပြီး ဖုတ်လှိုက် ဖုတ်လှိုက် ခုန်နေသည့် ရင်အစုံနှင့်အတူ အောက်ဆီဂျင် ပြတ်လပ်နေသူလို လေကို ခဲရာခဲဆစ် ရှုလိုက်ရသည် ။

အား... တကယ်ကို တုန်လှုပ်ဖို့ ကောင်းတာပဲ..။

ညစာ စားချိန်သို့ ရောက်တော့လည်း Bunnyကို ခါတိုင်းထက် ပိုမိုရိုကျိုးစွာ ဆက်ဆံမိသည် ။

" စားသုံးရတာ အဆင်ပြေရဲ့လား.. Sir.."

" ရေ.. "

" Nae... "

Jeon Jungkook သူ့၏ လစ်လပ်နေသည့် ဖန်ခွက်လေးကို မေးဆတ်ပြလိုက်လျှင် သူ့ဟာလေးက စားသောက်ဆိုင်က ၀န်ထမ်းတစ်ဦးလိုမျိုး ရေကရားလေးနှင့် ငှဲ့ပေးလာသည် ။

Jungkook တူလေးကို အသာကိုက်လိုက်ရင်းမှ သူ့ဟာလေးကို မျက်ဝန်းအစုံ မှေးစင်းပြီး ကြည့်မိသည် ။

He is Fake Hybrid!! (Complete)Where stories live. Discover now