Part ~ 1

11.4K 1.3K 90
                                    

zawgyi

Studioအခန်းတစ်ခုအတွင်း အသံသွင်းနေသော ကောင်လေးတစ်ယောက် ။

လှိုင်းတွန့်ဆံနွယ် အုပ်အုပ်လေးက ဂုတ်သားဝင်းဝင်းလေးထက် ထောက်နေသည် ။

သူ့အရှေ့က TVတွင် ဖွင့်လှစ်ထားသည့် cartoon characterလေးများ၏ လှုပ်ရှားမှုအတိုင်း ဇာတ်ညွှန်းစာရွက်လေးအား ကြည့်လိုက် TVကိုကြည့်လိုက်နှင့် အသံလေးကို မျိုးစုံသရုပ်ဖော်နေသည် ။

မျက်နှာအမူအယာလေးနှင့်ပါ သရုပ်ဖော်နေသော သူ့ပုံစံလေးက မျက်လုံးဝိုင်းဝိုင်း လှလှလေးနှင့် နှာတံစင်းစင်း တစ်ချက် တစ်ချက် စူထွက်သွားသည့် နှုတ်ခမ်းချွန်ချွန်လေးနှင့် အူအသည်းယားဖွယ်ရာ ချစ်ဖွယ်ကောင်းလှသည် ။

" အဆင်ပြေလား.. Hoseok Hyung... "

cartoonကားလေး အဆုံးသတ်သွားသည်နှင့် အပြင်ဘက်မှ အသံသွင်းပေးနေသော Hoseok Hyungကို လှမ်းမေးလိုက်သည် ။

" ရပြီ.. Taehyungie... တာဝန်ကျေပါတယ်.. ပင်ပန်းသွားပြီ.. "

" အာ.. မဟုတ်တာ.. ဟီး... "

သူ့နာမည်က Kim Taehyung ။
သူက Baby TV Channel ကနေ ထုတ်လွှင့်ပြသပေးသော cartoonကားလေးများကို korea languageဖြင့် ပြန်လည် အသက်သွင်း သရုပ်ဖော်ပေးသည့် အသံသရုပ်ဆောင်တစ်ဦး ဖြစ်သည် ။

" ဒါဆို.. ကျွန်တော် ပြန်လို့ရပြီမလား.. Hyung..."

" အော.. နောက်တစ်ခေါက် အသံသွင်းမှ ပြန်တွေ့ကြမယ်.. Taehyungie.. ကောင်းကောင်းသွား... "

" Nae.... "

သူ Hoseok Hyungကို Boxy smileလေးနှင့် နှုတ်ဆက်လိုက်ကာ အိတ်လေးလွယ်ပြီး အသံသွင်း studioထဲကနေ ထွက်လာခဲ့သည် ။

အသံသရုပ်ဆောင်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုရတာက တစ်ခုတော့ကောင်းသည် ။

အသံသွင်းစရာရှိသည့် အချိန်မှပဲ studioကို လာရတာ ။
ကျန်တဲ့အချိန်တွေဆို အားလပ်ချိန်ပဲ ။

Taehyungieက တစ်ကောင်ကြွက် ဖြစ်တာကြောင့် ထိုအလုပ်ကနေရသည့် လုပ်အားခကလည်း ပိုလျှံနေကာ bank accရှိ ပိုက်ဆံပမာဏများမှာလည်း သူ့တစ်သက် ထိုင်စားလို့ရလောက်သည် ။

အင်း.. သူ ဒီအလုပ်ကို အချိန်တစ်ခုထိ လုပ်ပြီး အနားယူလိုက်တဲ့အခါ နောင်ရေးအတွက် မပူရတော့ဘူးပေါ့ ။

He is Fake Hybrid!! (Complete)Where stories live. Discover now