Part ~ 20 (final)

12.7K 1.3K 282
                                    

zawgyi

Taehyungie ဖုန်းလေးကို အသက်မဲ့စွာ ကြည့်နေမိသည် ။

တစ်ပတ်ကြာသည်အထိ အဆက်အသွယ် မလုပ်လာခဲ့သော Jungkook ။
Taehyungieဘက်က အရဲကိုးပြီး ခေါ်ဆိုလိုက်သော်လည်း ဖုန်းအော်ပရေတာ အမျိုးသမီးနှင့်သာ ကြုံဆုံလိုက်ရသည် ။

" ဟူး... ပြောတော့.. တစ်ပတ်တဲ့.. အခုက ၈ရက်မြှောက်တောင် ရှိနေပြီဟာကို... "

Taehyungie ဘာကို အလိုမကျလို့ အလိုမကျမှန်း မသိဘဲ အရံဟင်းခွက်ထဲကို တူနှင့် တဇွပ်ဇွပ် ထိုးစိုက်မိလျှင် ဟင်းများက အပြင်သို့ပင် ဖိတ်စင်ကျလာသည် ။

ထိုအချိန်၌ မြည်လာသော ဖုန်းringtoneကြောင့် ဖုန်းscreenကို အလျှင်အမြန် ကောက်ယူကြည့်လိုက်မိပေမယ့် ခေါ်ဆိုလာသည်က Hoseok Hyung ။

" Nae... Hyung... "

" Namjoonတို့ မင်္ဂလာပွဲကို သွားနှင့်ပြီလား.. Taehyungie.. "

" အာ... မသွားရသေးဘူး.. Hyung.. ကျွန်တော် အခုက အိမ်မှာပဲ ရှိသေးတယ်.. "

" ဒါဆို.. အတော်ပဲ.. Hyungကို ၀င်ခေါ်ပေးပါလား.. Taehyungie.. Hyungရဲ့ကားက ၀ပ်ရှော့ပို့ထားရလို့.. "

" Nae.... Hyung... "

Taehyungie အသိစိတ်နှင့် ခန္ဓာကိုယ် မည်မျှထိ ကင်းကွာနေတာလည်းဆိုရင် Namjoon Hyung၏ မင်္ဂလာပွဲက ဒီနေ့ဆိုတာကို မေ့နေသည် အထိပင် ။

တော်သေးတာပေါ့.. ။
Hoseok Hyungသာ ဖုန်းလှမ်းမဆက်ရင် Taehyungie သတိရမှာ မဟုတ်ချေ ။

Taehyungie အ၀တ်ဗီဒိုထဲကနေ အနောက်တိုင်းဝတ်စုံအား ရှာဖွေပြီး အလျှင်အမြန် ၀တ်ဆင်လိုက်ရသည် ။
အရေးထဲ တင်ပါး၌ ကြပ်နေသော ဘောင်းဘီကို အားနှင့် ဆွဲတင်ရသေးသည်။

Taehyungie စားသမျှက တင်ပါးမှာပဲ သွားစုနေတာလား မသိချေ ။

ဆံနွယ်ကောက်ကောက်လေးကို အနည်းငယ် ပုံသွင်းပြီး ရေမွှေးလေးဆွတ်ကာ ပိုက်ဆံအိတ်နှင့် ကားသော့ယူ၍ အိမ်ထဲကနေ ကပျာကယာ ထွက်လာခဲ့ရသည့် Taehyungie ။

Hoseok Hyungကို အရင်ဝင်ခေါ်ပြီးမှ Namjoon Hyung၏ မင်္ဂလာပွဲရှိရာ Hotelသို့ ထွက်ခွာလာခဲ့သည် ။

" Wow... တကယ် ခမ်းနားတာပဲ... "

အထက်တန်းကျသည့် ပွဲအပြင်အဆင်များက တကယ်ကို ခမ်းနားလွန်းသည် ။

He is Fake Hybrid!! (Complete)Where stories live. Discover now