Part ~ 13

7.5K 1K 97
                                    

zawgyi

" ဘာလဲဟ.. ဖုန်းချသွားတာလား... "

Jungkookနှင့် ဖုန်းရပ်ပြောနေသည့် Min Yoongi ။
စကားစတန်းလန်းနှင့် ဖုန်းချသွားသော Jeon Jungkookကြောင့် တစ်စုံတစ်ရာကိစ္စပေါ်လာလို့မှန်းတော့ မှန်းဆမိလိုက်သည် ။

" ကျွန်တော် မဟုတ်ပါဘူး!.. တကယ် ကျွန်တော် မဟုတ်ပါဘူး!.. "

သစ္စာဖောက်ဟု သံသယရှိသူ ငနဲသားက Yoongiရှေ့မှာ ဒူးထောက်ထားကာ လက်နောက်ပြန် ကြိုးတုတ်ခံထားလျက်သား အနေအထားနှင့် ဖြစ်သည် ။

Yoongiကို ကြောက်အားလန့်အားဖြင့် တတွတ်တွတ် ဖြေရှင်းချက်ပေးနေသည့် ငနဲသားကိုYoongi အေးစက်စွာပင် စိုက်ကြည့်ရင်း ခါးကြားထဲ ဆောင်ထားသည့် ဓားမြှောင်လေးကို ဆွဲထုတ်ကာ အဖုံးချွတ်လိုက်သည် ။

" ကျွန်တော့်ကို ဓားနဲ့ မမွှန်းပါနဲ့!.. ကျွန်တော် တကယ် မဟုတ်ပါဘူး.. အား!!... "

" ဘာ??.. "

Yoongiပင် ဘာမှမလုပ်ရသေးဘဲ စွတ်အော်နေသော ငနဲသားကြောင့် Min Yoongi မျက်မှောင်ကုပ်သွားရသည် ။

" ပူမနေနဲ့.. အားစိုက်ထုတ်ရမယ့် အလုပ်မျိုးတွေ ငါ မလုပ်ဘူး.. မင်းကိုဓားနဲ့ မွှန်းမယ့်အစား သေနတ်နဲ့ပဲ ပစ်ဖောက်မှာ.. "

ထို့နောက်မှာတော့ Min Yoongi ထိုဓားမြှောင်ဖြင့် စားပွဲပေါ်က မုန်လာဥနီကို အသေအချာ လှီးဖြတ်လိုက်သည် ။

ဖြူလုံးကို အစာကျွေးချိန် ရောက်နေပြီလေ ။
.
.
.

ညစာ ထမင်းဝိုင်း၌ မျက်နှာချင်းဆိုင် ထိုင်နေကြသည့် Taehyungieနှင့် Bunny ။

ခါတိုင်းထက် တိတ်ဆိတ်ငြိမ်သက်လွန်းနေသည့် ထမင်းဝိုင်းက ဇွန်းသံ တူသံတစ်ချို့သာ ပဲ့ထင်နေသည် ။

Bunny၏ အရိပ်အကဲကို Taehyungie မရဲတရဲ အကဲခတ်ရင်း ထမင်းစားသောက်ပြီးသွားလျှင် ပန်းကန်များကို သိမ်းပြီး ဆေးကြောလိုက်သည် ။

သေချာပေါက်ကို Taehyungie စကားပြောသံ ကြားခဲ့ရတယ် ။
ထူးဆန်းလိုက်တာ.. ။
Bunnyက တစ်ယောက်တည်း စကားပြောနေတာလား??..
အဲ့ဒီ့လိုလည်း မဟုတ်လောက်ဘူး ထင်တယ်..။

Taehyungie သံသယ အတွေးများဖြင့် ဧည့်ခန်းထဲ၌ TV ထိုင်ကြည့်တော့လည်း Bunnyက Taehyungie ပခုံးထံ တိုးဝှေ့လာပြီး ပွတ်သီးပွတ်သပ်လုပ်နေလျှင် Taehyungie ကျောထဲ စိမ့်ခနဲ ဖြစ်သွားရသည် ။

He is Fake Hybrid!! (Complete)Where stories live. Discover now