Part ~ 18

8.4K 1.1K 28
                                    

zawgyi

Taehyungie အသိဝင်လာတော့ အောက်ပိုင်းဆီက နာကျင်အောင့်မြက်နေမှုကို ချက်ချင်းလက်ငင်း ခံစားလိုက်ရသည် ။

" နိုးလာပြီလား... "

" N...Nae.. "

အ.. အောက်ပိုင်းတင် မဟုတ်ဘူး လည်ချောင်းကပါ နာနေတာပဲ ။

" ဆေးလိမ်းပေးထားတယ်.. "

" အာ... "

Taehyungie မိမိကိုယ်ကို ငုံ့ကြည့်လိုက်တော့ တီရှပ်လေးနှင့် ဘောင်းဘီတိုကို ၀တ်ဆင်ထားပြီးသား ဖြစ်နေသည် ။

" လမ်းလျှောက်နိုင်လား.."

" Nae... လျှောက်နိုင်ပါတယ်..."

အနောက်သွားချင်လာ၍ Taehyungie ကုတင်ထက်ကနေ အားတင်းဆင်းလိုက်မိသည် ။

အီး... နာတယ်ဟ...။

တစ်လမ်းလှမ်းလိုက်တိုင်း နာကျင်မှုက စူးခနဲမို့ Taehyungie လမ်းလျှောက်ရတာ အခက်တွေ့သွားစဉ် သူ့ခန္ဓာကိုယ်လေးက ဆွေ့ခနဲ့ အပွေ့ချီခံလိုက်ရသည် ။

" အိုမား!... "

Jungkookက Taehyungieကို bride styleနှင့် ပွေ့ချီသွားကာ သန့်စင်ခန်းထဲရောက်မှ အသာယာ ချပေးသည် ။

" သွားတိုက်ပေးဖို့ရော လိုသေးလား.. "

" ရ..ရတယ်..  Sir.. ကျွန်တော် တိုက်နိုင်တယ်... "

Taehyungie ရှက်စိတ်ကြောင့် သန့်စင်ခန်း တံခါးလေးကို တွန်းပိတ်လိုက်ပြီး ထော့နဲ့ထော့နဲ့ဖြင့် ဘေစင်ရှေ့သို့ ရောက်လာခဲ့လျှင် မှန်ထက်၌ မြင်လိုက်ရသော သူ့ပုံရိပ်ကြောင့် နှလုံးရပ်မတတ် လန့်ဖြတ်သွားရသည် ။

Taehyungie၏ မျက်လုံးက ငိုရှိုက်ထားမှုကြောင့် မို့အစ်နေကာ နှုတ်ခမ်းသားကလည်း Jungkook၏ ကိုက်ခဲထားမှုကြောင့် ဖူးယောင်နေပြီး လည်ပင်းတို့ ရင်ဘတ်တို့၌လည်း ခရမ်းပုတ်ရောင် အမှတ်အသားများက ပွထနေသည် ။

အား... ရှက်ဖို့ကောင်းလိုက်တာ!!.. အီး!!...

မနေ့ညတုန်းက အဖြစ်အပျက်က Taehyungie ခေါင်းထဲ မဖိတ်ခေါ်ဘဲ ၀င်လာလျှင် Taehyungie ရှက်လွန်းလို့ အငွေ့ပျံကာ ပျောက်ကွယ်သွားချင်မိသည် အထိပင် ။

Taehyungie ဘ၀မှာ ချစ်သူရည်းစား တစ်ခါမှ မထားဖူးခဲ့ပါဘဲ အခုကျတော့ ထိုထက် ကျော်လွန်သည့် အခြေအနေမျိုးပင် ဖြစ်သွားခဲ့သည် ။

He is Fake Hybrid!! (Complete)Where stories live. Discover now