Part ~ 5

9K 1.2K 69
                                    

zawgyi

ရင်တထိတ်ထိတ်နှင့် ညတာကို ဖြတ်သန်းခဲ့ရသည့် Taehyungie ။
မနေ့တုန်းက မျက်စိစုံမှိတ်ပြီး Bunnyကို kissပေးခဲ့သည်လား မပေးခဲ့သည်လားတောင် မမှတ်မိတော့ပေ ။
သူ အတုန်လှုပ်လွန်၍ အသိစိတ်က ကောင်းကောင်း အလုပ်မလုပ်နိုင်တော့သလိုတောင် ဖြစ်သွားခဲ့သည် ။

" အင်းမ်... "

အပျင်းကြောဆန့်၍ နိုးထလာရသည့် Taehyungie ။
မျက်ဝန်းလှလှတို့ကို ပွတ်သပ်ရင်း အိပ်ချင်မူးတူးနှင့် အကျင့်ပါနေသည့် လုပ်ရပ်လေးကို ပြုမူမိလိုက်သည် ။

" Morning.. Bunny..."

" မွ... "

Bunnyလေးကို ခပ်ဖွဖွ အနမ်းပေးလိုက်ပြီးမှ အရင်လို နူးနူးညံ့ညံ့ အမွှေးအမျှင်အထိအတွေ့အစား အိစက်သည့် အရာလေးကိုသာ ထိတွေ့မိလိုက်သည်မို့ မျက်လုံးပက်ခနဲ ပြူးသွားရလျှင် သူက လူအသွင်ပြောင်း Bunnyရဲ့ နှာခေါင်းထိပ်လေးကို အနမ်းပေးလိုက်မိတာ ဖြစ်နေသည် ။

အီး!... အော်သွပ်ခဲ...။

" အင်း.. Morning.. "

ကျေနပ်သွားသည့်ဟန်နှင့် Bunnyက နှုတ်ခမ်းပါးလေးပင် ပြုံးရိပ်ယောင်သန်းနေသည် ။

Taehyungie အလျှင်စလို Bunnyမျက်နှာထံမှ ဖယ်ခွာပြီး ထထိုင်လိုက်သည် ။

" ဟိုဟာ.. သွားတိုက်တံ အသစ်တွေရော.. မင်းရဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေရော ၀ယ်ရမယ်.. ဈေးအတူတူလိုက်ပြီး.. ရွေးမလား.. "

" အင်း... "

Bunnyအနေနှင့် ဘယ်လိုအသွင်အပြင် ဖြစ်ပါစေ ။
အဆုံးသတ်မှာတော့ သူက Taehyungieမွေးမြူထားတဲ့ Hybridလေးသာ ဖြစ်သည် ။
သို့ဖြစ်၍ Taehyungieက Bunnyလေး၏ ဘ၀ကို အဆုံးတိုင်ထိ တာဝန်ယူ မွေးမြူရမည်သာ ဖြစ်သည် ။

အာ.. ဘာလို့ တိုက်ခိုက်ရေး Hybridတဲ့လဲ.. ။
ငါက Namjoon Hyungရဲ့ Hybridလေးလိုမျိုး ချစ်စဖွယ် ချွဲနွဲ့တတ်တဲ့ Hybridလေးမျိုး လိုချင်ခဲ့တာလေ...။

Taehyungie ရေချိုးခန်းထဲ ၀င်လာရင်း သွားတိုက်တံ အသစ်လေးကို ဗီဒိုထဲမှ ထုတ်လိုက်ကာ သွားတိုက်ဆေးလေး ညှစ်ပေးလိုက်မိသည် ။

ဒါနဲ့.. လူပုံစံ ပြောင်းကာစ Hybridလေးတွေက မွေးကင်းစ ကလေးလေးတွေလိုမျိုးပဲတဲ့ ။
သူတို့က ဘာမှ မသိမနားလည်သေးတာမို့ သေချာ သင်ပြပေးရမယ်လို့ ပြောတယ် ။

He is Fake Hybrid!! (Complete)Where stories live. Discover now