Part ~ 7

8K 1.1K 99
                                    

zawgyi

" ငါ မင်းအတွက် ဖုန်းလေး ၀ယ်လာတယ်... "

Taehyungie ၀ယ်ယူလာသည့် ဖုန်းလေးကို အိတ်ထဲမှ ထုတ်လိုက်ပြီး Bunnyကို ကမ်းပေးလိုက်သည် ။

" သုံးနည်းကတော့ လွယ်ပါတယ်.. ငါ ပြမယ်ပေးမယ်နော်.. ဟီး.. "

အစောပိုင်းတုန်းက Bunnyပျောက်သွားခဲ့သည်ဟု အထင်ရောက်ပြီး ပျော်မွေ့ခဲ့မိသည်ကို Taehyungie အလွန်တရာ အပြစ်ရှိသလို ခံစားနေရသည် ။

Taehyungie ဖုန်းသုံးနည်း ရှင်းပြသည်ကို မှုန်ကုပ်ကုပ် မျက်နှာထားနှင့်သာ ငြိမ်သက်ပြီး နားထောင်နေသော Bunny ။

" ငါ့ရဲ့ ဖုန်းနံပါတ်လည်း ထည့်ပေးထားတယ်.. တစ်ခုခုဆို ဆက်သွယ်လို့ ရအောင်လို့... "

အာ.. ငါ့ရဲ့ Bunnyလေးက အေးတိအေးစက် နေတာကလွှဲရင် နာခံတဲ့ Hybridလေးကိုဟာ..။

တောင်းပန်ပါတယ်..Bunny.. ။
ငါ မင်းကို ပိုပြီး ဂရုစိုက်ပေးနိုင်အောင် ကြိုးစားပါ့မယ် ။

" Banana milk ကုန်နေပြီမို့.. စတိုးဆိုင် သွားရမယ်.. မင်း လိုက်ခဲ့ချင်လား... "

ပထမဦးဆုံးအနေနှင့် Bunnyကို Taehyungie စိတ်ရင်းအမှန်နှင့် ကမ်းလင့်လိုက်သည် ။

" အင်း... "

ရက်ကွက် စတိုးဆိုင်လေးသို့ အတူတူလမ်းလျှောက်ကာ ထွက်လာခဲ့ကြသည့် Taehyungieနှင့် Bunny ။

Bunnyက all black အဆင်အယင်ဖြင့် ဘောင်းဘီအိတ်ကပ်လေးထဲ လက်ထည့်၍ အေးရာအေးကြောင်း လျှောက်လမ်းနေသည်မှာ နာမည်ကြီး မော်ဒယ်လ်နှင့်ပင် တူနေသေးသည် ။

Taehyungie မိမိကိုယ်ကို ငုံ့ကြည့်မိလျှင် ပွပွယောင်းယောင်း အ၀တ်အစားထဲ နစ်မြှပ်နေကာ မူကြိုကလေးလိုလို ဘာလိုလိုနှင့် ။

အာ.. ငါ အ၀တ်အစားဒီဇိုင်း ပြောင်းသင့်လား??..

စတိုးဆိုင်သို့ရောက်လျှင် Banana milkကဒ်နှင့် ပါးစပ်အရသာခံရန် အခြားလေဖောင်းမုန့်များကို ၀ယ်ယူလိုက်သည် ။

" Tae Tae Hyung.. စတိုးဆိုင်ကို မလာတာတောင် ကြာပြီနော်.. ကျွန်တော်က သတိရနေတာ.. "

စတိုးဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်နေသည့် အသားဖြူဖြူ ပါးမို့ဖောင်းဖောင်းလေးနှင့် ချစ်စဖွယ် ကောင်းလှသည့် ကောင်လေးက Taehyungie ကောင်တာမှာ ကျသင့်ငွေရှင်းလျှင် မြူးထူးစွာ နှုတ်ဆက်သည် ။

He is Fake Hybrid!! (Complete)Where stories live. Discover now