Part ~ 3

8.9K 1.3K 170
                                    

zawgyi

" နာမည်က Kim Taehyung.. အလုပ်အကိုင်က အသံသရုပ်ဆောင်.. အသက်က 25??... ဘာလဲ.. ငါ့ထက် 2နှစ်တောင် ကြီးနေသေးတာလား... "

Emailဆီက ၀င်လာသည့် အချက်အလက်များကို ဖတ်ရှုနေပါသော Jeon Jungkook ။
သူ့ဟာလေး၏ အသက်ကြောင့် လက်ထဲရှိ သေနတ်လေးနှင့် ဆံပင်ကို တို့ထိလိုက်သည် ။

" ဘယ်လို ကြည့်ကြည့် ငါ့ထက် ငယ်မယ့်ပုံပဲကို.. ထားပါ.. အရသာရှိမှာက အရသာရှိမှာပဲ..."

Jeon Jungkook အချက်အလက်များကို ဆက်လက်ဖတ်ရှုရင်း ဘ၀င်အလွန်ကျစရာ အချက်ကို ရှာတွေ့သွားရသည် ။

" ချစ်သူရည်းစားက ဒီအသက်အရွယ်ထိ တစ်ခါမှ မထားဖူးဘူး.. "

သူ့ဟာလေးက ချစ်သူရှိလို့မက မိန်းမနဲ့ကလေး ရှိရင်တောင် Jeon Jungkookတို့က သောက်ဂရုမစိုက်ဘဲ လိုချင်တာ ရအောင်ယူမှာဆိုပေမယ့် မရှိဘူးတော့ အတော်လေးကို စိတ်လက်ကြည်သာသွားရသည် ။

" အမ်.. တစ်ယောက်တည်း နေထိုင်တဲ့သူ.. Hybridတစ်ကောင် မွေးထားတယ်.. Hybrid??.. Hybridက ဘာကြီးလဲ??... "

Jeon Jungkook မျက်ခုံးတွန့်ချိုးသွားရရင်း Min Yoongiဆီ ဖုန်းလှမ်းဆက်လိုက်သည် ။

" Hybridက ဘာကြီးလဲ??.. "

" ငါက ဘယ်သိမလဲ.. "

" ငါ့ဟာလေးက Hybirdက မွေးထားတယ်ပြောတယ်.. အခုချက်ချင်း အဲ့ဒါက ဘာလဲဆိုတာ စုံစမ်းပေး.. 5မိနစ်အတွင်း.. "

" တီလ်.... "

Min Yoongiကတော့ အမိန့်ပေးသွားသော Jeon Jungkookကို တစ်ဖက်ကနေ middle finger upပြလိုက်မိသည် ။

သူ့မှာ Jeon Jungkook သေနတ် ဒဏ်ရာနှင့် ပြန်ရောက်လာပြီဆိုတည်းက Gangကိစ္စတွေအစား သူ့ဟာလေး ကိစ္စတွေပဲ လိုက်လုပ်ပေးနေရသည် ။

Jeon Jungkookက မည်သူကိုမျှ အယုံမကြည်မရှိဘဲ သူ့ကိုသာ တာဝန်တွေ ပုံအပ်တတ်သူမို့ Min Yoongiက သူတို့နှင့် အများဆုံးလက်တွဲလုပ်ဖြစ်သည့် Hacker Park Jiminဆီသာ ဖုန်းလှမ်းဆက်လိုက်သည် ။

" ဆို... ဘာကိစ္စ.. "

" Hybridအကြောင်း စုံစမ်းပေး.. "

" ရား.. ငါ့လို နိုင်ငံတကာက ဆုကြေးထုတ်ရတဲ့အထိ အောင်မြင်ကျော်ကြားနေတဲ့ ဉာဏ်ကြီးရှင် Hackerကို.. Hybridအကြောင်း စုံစမ်းခိုင်းတယ်??.. Are you kidding me??.. googleခေါက်ရင်ကို ရနေပြီလေ.. "

He is Fake Hybrid!! (Complete)Where stories live. Discover now