Part ~ 12

7.6K 1.1K 106
                                    

zawgyi

ဒီနေ့ တစ်နေကုန်နီးပါး ဂိမ်းဆော့ရင်း ပျော်ပါးခဲ့ရသဖြင့် Taehyungie စိတ်အခြေအနေ အတော်လေး ကောင်းမွန်နေသည် ။

အိမ်ကိုပြန်ရောက်မှ ၀ယ်ယူလာသည့် ပစ္စည်းများကို မီးဖိုချောင်မှာ သီချင်းလေး တညည်းညည်းဖြင့် နေရာချနေလိုက်သည် ။

တာရှည်ခံ ရယ်ဒီမိတ်ထုပ်များနှင့် ကုန်ပစ္စည်းခြောက်များကိုတော့ ဗီဒိုလေးထဲတွင်ထည့်ပြီး အသားငါး ဟင်းသီးဟင်းရွက်များကိုတော့ ရေခဲသေတ္တာထဲ စနစ်တကျ ထည့်လိုက်သည် ။

" အာ.. Banana milkကို မေ့ခဲ့တာပဲ... "

ဝယ်ယူရသည့် ပစ္စည်းအမယ်တွေ များသည်ကြောင့် Bunnyအတွက် Banana milk၀ယ်ခဲ့ရန် မေ့လျော့သွားသည် ။

Taehyunige မီးဖိုချောင်ထဲကနေ ထွက်လာတော့ Bunnyက ဧည့်ခန်းထဲ၌ work out လုပ်နေသည် ။

ထိုသို့ မြင်ကွင်းမျိုးကို Taehyungie ထူးတောင် မဆန်းတော့ ။

Taehyungieရဲ့ တိုက်ခိုက်ရေး Hybridလေးက သူများတွေရဲ့ Hybridနဲ့ လုံးဝကို ခြားနားတယ်လေ ။

အိပ်ခန်းထဲကနေ Jihoonအတွက် ၀ယ်ယူထားခဲ့သည့် လက်ဆောင်အိတ်လေးကို ဆွဲထွက်လာခဲ့သည့် Taehyungie ။

စတိုင်းဆိုင်ကို Banana milk သွားဝယ်ရင်းနဲ့ Jihoonကိုပါ မွေးနေ့လက်ဆောင် ပေးလိုက်မယ်လေ ။

" Jungkook.. ငါ စတိုးဆိုင် သွားမလို့.. လိုက်ခဲ့ချင်လား.. "

" အင်း... "

Taehyungieဘေးမှာ ယှဉ်တွဲပါလာသည့် Jungkook ။

Taehyungie လက်ထဲက လက်ဆောင်ထုပ်ကို စူးစမ်းသလို ကြည့်နေလျှင် Taehyungie ရှင်းပြလိုက်သည် ။

" အာ... Jihoonအတွက် မွေးနေ့လက်ဆောင်လေ.. ဟီး.. "

" မွေးနေ့လက်ဆောင်??... "

" အင်း... "

" ငါ့အတွက်ကရော... "

" အမ်??... "

Bunny၏ မှုန်ကုပ်ကုပ် အမေးကြောင့် Taehyungie မည်သို့ ဖြေရမည်မသိ ။
ဟုတ်သားပဲ.. Bunnyရဲ့မွေးနေ့ကို သူမှ သေချာမသိတာ..။
Minhoဆီကနေ ၀ယ်ခဲ့တုန်းက အသက်16နှစ် ပြည့်ဖို့ လအနည်းငယ် လိုသည်ဟုပဲ သိခဲ့တာလေ ။

He is Fake Hybrid!! (Complete)Where stories live. Discover now