Part ~ 9

7.7K 1.1K 88
                                    

zawgyi

ဘေစင်၌ ဖန်ခွက်နှင့် ပန်းကန်ကို ဆေးနေသည့် Taehyungie ။
အသိစိတ်က လွတ်နေသောကြောင့် ဖွင့်ထားသည့် ရေပိုက်ထဲကနေ ရေတဝေါဝေါ ကျနေကာ ပန်းကန်တွေကို တို့စိ တို့စိသာ ထိနေမိသည် ။

အာ.. ငါ မေ့လိုက်သင့်တယ်!. မတွေးနဲ့တော့.. မတွေးနဲ့တော့..။

Taehyungie၏ နှုတ်ခမ်းထောင့်စွန်းကို လျှာနှင့် လျှက်ခဲ့ပါသော Bunny အပြုအမူကို ပြန်မြင်ယောင်လာပြန်လျှင် Taehyungie မျက်နှာ ရဲပလောင်းခတ်သွားလျက် တအားအား တအီးအီးနှင့် အော်ဟစ်မိပြန်သည် ။

" ဟင့်... ငါ့ရဲ့ first kissလေး.. နေပါဦး.. အဲ့ဒါက kissမှ မဟုတ်တာ.. Bunnyက လျှာလေးနဲ့ သာသာလေးပဲ ထိလိုက်တာ.. ဟုတ်တယ်.. kiss မဟုတ်ဘူး.. ငါ ဘာမှ အဲ့ဒီ့ကိစ္စကို ခေါင်းထဲ ထည့်စရာမလိုဘူး.. ဟုတ်တယ်.. ဟုတ်တယ်.. "

မိမိကိုယ်ကို သတိပေးသလို အထပ်ထပ် ရေရွတ်ရင်း ပန်းကန်ဆေးတာကို လက်စသတ်လိုက်သည် ။

Taehyungie မီးဖိုခန်းထဲကနေ ထွက်လာတော့ Bunnyက ဆိုဖာထက်မှာ လှဲလျောင်းပြီး မှေးစက်နေပြန်သည် ။

ဟင်??.. Bunnyက အိပ်ရေးမ၀ဘူးလား..။
ညကလည်း အစောကြီး အိပ်ရာဝင်ခဲ့တာပါ.. ။

Taehyungie မတွေးတတ်သလိုမျိုး ခေါင်းလေးစောင်းငဲ့လိုက်ရင်း အခန်းထဲသို့သာ ၀င်လာလိုက်ကာ အ၀တ်တောင်းထဲရှိ အ၀တ်အစားများကို လျှော်ဖွတ်ရန် ပြင်ဆင်လိုက်သည် ။

Bunny အ၀တ်အစားမှန်သမျှက အနက်ရောင်တွေသာ ဖြစ်နေတာမို့ အ၀တ်လျှော်စက်ထဲ အ၀တ်များကောက်ထည့်နေရင်း Taehyunige အနည်းငယ်တော့ နှာခေါင်းလေး ရှုံ့မိသွားသည် ။

Bunnyက အသားဖြူအုအုလေးမို့ တခြား အရောင်လွှင်လွှင်လေးတွေနဲ့ဆို အရမ်းလိုက်မှာပဲကို ။

အဝါနုနုလေးတို့ အပန်းရောင် ဖျော့ဖျော့လေးတို့ ။

Taehyungie အ၀တ်လျှော်ပြီးသည်နှင့် အ၀တ်ခြင်းလေးထဲကို အ၀တ်စိုများ ပြန်ထည့်လိုက်ကာ ခြံဝင်းထဲက ကြိုးတန်းလေး၌ ထွက်လှမ်းသည်အထိ Bunnyက ဆိုဖာထက်မှာ မှေးစက်နေတုန်း ။

" ထူးဆန်းလိုက်တာ.. ဘာလို့ အိပ်ရေးပျက်တဲ့သူလို ဖြစ်နေတာလဲ.."

He is Fake Hybrid!! (Complete)Where stories live. Discover now