Part ~ 19

7.7K 1K 47
                                    

zawgyi

Jungkook၏ စံအိမ်ကျယ်ကြီးထဲမှာ အခုဆိုရင် Taehyungieက လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီဖြစ်သည် ။

ကြီးမားလှသည့် စံအိမ်ကြီးထဲမှာ Taehyungie သိသလောက်တော့ Jungkookနှင့် Min Yoongiဆိုသည့် Hyungတို့သာ နေထိုင်သည် ။

" Jungkook တစ်ခွက်လောက် အတူတူ သောက်မလား.. ငါတို့ မနက်ဖြန် ညနေဆို နယ်စပ်ထွက်ရပြီလေ..

" အင်း... "

အောက်ထပ်က သီးသန့်ပြုလုပ်ထားသော bar counter၌ Min Yoongi အရက်စပ်နေစဉ် ဒုတိယအထပ်ကနေ ဆင်းလာသည့် Jungkookဟာလေး ။

Taehyungieက bar counterမှာ ထိုင်နေသည့် Jungkookတို့ကို တွေ့လျှင် မျက်လုံးလေးဝိုင်းသွားသည် ။

" ဒီကိုလာခဲ့... "

Taehyungieကို လက်ညှိုးလေးနှင့် လက်ယပ်ကာ အခေါ်ရှိလာပါသော Jungkookကြောင့် Taehyungie ထိုနေရာသို့ ဦးတည်လိုက်ကာ အရက်ပုလင်းများစွာကိုတွေ့လျှင် မျက်ခုံးလှုပ်သွားရသည် ။

Jungkookက သောက်ပြီးရင် သွေးဆိုးတတ်သည်လေ ။

" Sir... အရက် မသောက်လို့ မရဘူးလား... "

Jungkookဟာလေးအပြောကြောင့် Jungkookက တွေသွားသလို အရပ်စပ်နေသည့် Min Yoongiကတော့ နှုတ်ခမ်းထောင့်စွန်း ကွေးညွှတ်သွားသည် ။

Jeon Jungkookက အရက်သောက်ရတာ ဒီလောက် ကြိုက်တဲ့ဟာ ။
Jeon Jungkook သောက်ချင်ပြီဆို ဘယ်သူတားတား မရဘူး ။

" မင်းက မသောက်စေချင်လို့လား.. "

" အော.. "

Jungkookကို Taehyungie အရက်မသောက်စေချင်ပါ ။
Jungkook၏ အရက်သောက်ပုံမျိုးနဲ့ဆို ကျန်းမာရေးအတွက်လည်း ထိခိုက်လာနိုင်သည် ။

" ငါ မသောက်တော့ဘူး.. Yoongi.. မင်းပဲ သောက်လိုက်တော့.."

" ဘာ??.. "

အရက်စပ်နေသည့် Min Yoongiလက်ပင် တန့်သွားလျက် သူ မယုံနိုင်သလို Jungkookကို ကြည့်လိုက်မိသည် ။

ငါ နားကြားများ မှားသွားတာလား??...

အဲ့ဒီလို ဆိုရအောင်လည်း Jungkookက သူ့ဟာလေးနဲ့ counterကနေ ထွက်ခွာသွားပြီဖြစ်သည် ။

" ဘာလဲဟ.. Jeon Jungkookက တကယ်ကြီးပဲ... "
.
.
.

" မင်းရဲ့အိမ် ပြန်နေချင်တယ်မလား.. "

He is Fake Hybrid!! (Complete)Where stories live. Discover now