Part ~ 6

8.3K 1.2K 92
                                    

zawgyi

မီးဖိုချောင်ထဲ၌ အသားဗူးလေးကို ဖောက်တံသုံးကာ ဖောက်နေသော Taehyungie ။

သူ ခဲရာခဲဆစ် ရုန်းကန်နေရစဉ် မီးဖိုချောင်ထဲ လိုက်ဝင်လာပါသော Bunnyက သူ့အနားမှာ လာရပ်ပြီး လက်ဖြန့်လာသည် ။

" ဖောက်တံပေး... "

" အာ.. ဒါက မင်းလည်း လုပ်ဖို့မလွယ်လောက်... "

Taehyungie စကားမဆုံးခင်မှာပင် Bunnyက ဖောက်တံကို ဆတ်ခနဲ ဆွဲယူပြီး ကျွမ်းကျင်ကျင်လည်စွာနှင့် အချိန်ခဏလေးအတွင်း အသားဗူးအဖုံးကို ဆွဲဖွင့်လိုက်လျှင် Taehyungie မျက်လုံးအ၀ိုင်းသား ဖြစ်သွားရသည် ။

" မင်းက ကျွမ်းလိုက်တာ... "

ဒါပေမယ့်.. Bunnyက ဖောက်တံကို ဘယ်လိုသုံးရတယ်ဆိုတာ ဘယ်လိုလုပ် သိလဲ??...

" ငါက ဘယ်အရာကိုဖြစ်ဖြစ် အလွယ်တကူ ဖောက်နိုင်တယ်.. အဲ့ဒါက လူတစ်ယောက်ရဲ့ ဗိုက်ဆိုရင်တောင်မှပေါ့... "

Bunnyရဲ့အပြောကြောင့် Taehyungie သံသယအကြည့်လေးက ချက်ချင်းဆိုသလို ကွယ်ပျောက်သွားလျက် မျက်နှာချိုလေး သွေးပြမိလိုက်သည် ။

" ဟီး... အသားဗူးက ခဏပဲ နွှေးရမှာ.. မင်း ဗိုက်ဆာနေပြီဆိုရင် Banana milkသောက်ထားမလားဟင်... "

" အင်း... "

Banana milkကြိုက်သော Bunnyကို Banana milkနှင့် ချွေးသိပ်ထားပြီး Taehyungieကတော့ ညစာကို အလျှင်အမြန် ပြင်ဆင်လိုက်သည် ။

" စားလို့ရပါပြီ... "

ညစာစားပြီးသည့် အချိန်ကျတော့လည်း Taehyungie အိုးခွက်ပန်းကန် သိမ်းဆေးကာ လူကလည်း ဖလက်ပြသွားသည် ။

အာ... Hybridကို ပြုစု ပျိုးထောင်ရတာကလည်း ပင်ပန်းလိုက်တာ...။
Taehyungie ဒီနေ့တစ်နေကုန် Hybridလေး၏ ဝေယျာဝစ္စများကို လိုက်လံ လုပ်ဆောင်ပေးရင်း တော်တော်လေးကို အမောဆို့ခဲ့ရသည် ။

ဘိုထိုင်အိမ်သာပေါ်တွင် ထိုင်လိုက်သည့် Taehyungie ။

အိမ်သာတက်ရင်းနှင့် ဖုန်းလေးကို သုံးနေလိုက်သည် ။

အင်း... တိုက်ခိုက်ရေး Hybridအမျိုးအစားအကြောင်း ရှာကြည့်ရမယ်.. ။

He is Fake Hybrid!! (Complete)Dove le storie prendono vita. Scoprilo ora