Part ~ 15

7.6K 1.1K 49
                                    

zawgyi

" ရှဲ... ရှဲ.... "

လျှပ်စစ်ဒယ်အိုးလေးပေါ်၌ ညှပ်လေးဖြင့် အလှန်ခံလိုက်ရသည့် သုံးထပ်သားများက တရှဲရှဲဖြင့် လောင်ကျွမ်းနေကြသည် ။

Taehyungie နီညိုရောင် သန်းလာသည့် သုံးထပ်သားများကို ညှပ်နှင့်ကောက်ယူပြီး ကတ်ကြေးနှင့် ဖြတ်ကာ Bunny၏ အရှေ့က ပန်းကန်လေးထဲသို့ ထည့်ပေးလိုက်သည် ။

Taehyungieတို့က ဧည့်ခန်းထဲက ဆိုဖာအောက်မှာပင် ထိုင်ပြီး TVရှေ့က စားပွဲပေါ်၌ အသားကင်စားနေကြတာ ဖြစ်သည် ။

TVကို ကြည့်ကာ Taehyungie အရံသင့် လုပ်ပေးထားသည့် သုံးထပ်သားကင်များကို ဆလပ်ရွက်နှင့်တောင် မထုပ်ပိုးပဲ ဒီအတိုင်း ကောက်ယူစားနေသည့် Bunny ။

Taehyungie တိတ်တဆိတ်ဖြင့်ပင် Bunnyကို အကဲခတ်နေမိသည် ။

ဘယ်လို ကြည့်ကြည့် Bunnyက Hybridနှင့် မတူပေ ။

စားသောက် သိမ်းဆည်းပြီးသွားလျှင် Taehyungie သန့်စင်ခန်းအတွင်းသို့ ၀င်လာကာ တံခါးကို သေချာလော့ချပြီး Minhoဆီ ဖုန်းခေါ်လိုက်သည် ။

သို့သော် ဖုန်းအော်ပရေတာ အမျိုးသမီးနှင့်သာ တိုးနေပြန်သဖြင့် Taehyungie စိတ်ပျက်လက်ပျက်ဖြင့် ဘိုထိုင်အိမ်သာအဖုံးပေါ် ထိုင်ချမိလိုက်သည် ။

Taehyungieက မိမိစိတ်နှင့်သာ နှိုင်းတတ်သူမို့ Minhoက သူ့ကို လိမ်လည်မည့်သူ မဟုတ်လောက်ဟု ထင်နေသည် ။

သို့သော် Namjoon Hyungက တိုက်ခိုက်ရေး Hybrid အမျိုးအစားဆိုတာ မရှိဘူးလို့ ပြောခဲ့သည်လေ ။

Minhoက သူ့ကို Bunnyလေး ရောင်းပေးတုန်းက အမှတ်များ မှားခဲ့တာလား??..

အား!.. ဘာလို့ ငါ့ကျမှ ဒီလို ဖြစ်နေရတာလဲ!!..

သန့်စင်ခန်းထဲမှာ အချိန်တစ်ခုကြာ ဖြုန်းပြီးမှ အပြင်သို့ ပြန်ထွက်ခဲ့သည့် Taehyungie ။

ကုတင်ထက် ဖုန်းထိုင်သုံးနေသည့် Bunnyကိုတွေ့လျှင် ကျောလေး မတ်သွားမိသည် ။

" လာလေ... ဘာရပ်လုပ်နေတာလဲ.. "

အတန်ကြာ တုန့်ဆိုင်းနေမိသည့် Taehyungieကို စူးရဲစွာ ကြည့်လာသော Bunny ။

He is Fake Hybrid!! (Complete)Where stories live. Discover now