Part ~ 2

8.7K 1.3K 161
                                    

zawgyi

မနက်ခင်း နေမြင့်မှ အိပ်ရာထလာသည့် Taehyungie ။
စောင်ပုံများထဲ လုံးထွေးနေသောသူက တီရှပ်အဖြူလေးနှင့် ဘောင်းဘီတိုကိုသာ ၀တ်ဆင်ထားသောကြောင့် ဘောင်းဘီတိုက ပေါင်ရင်းထိတိုင် လိပ်တက်နေပြီး တီရှပ်အောက်နေ တစ်စွန်းတစ်စ ပေါ်နေသည့် သစ်တော်သီးဗိုက်လေး ။

သူ အိပ်ချင်မူးတူးနှင့် သူ့ဘေးမှာ ချထားသည့် Bunnyကို ကြည့်လိုက်လျှင် Bunnyက ထုံးစံအတိုင်း မလှုပ်မယှက်ပင် ရှိနေသည် ။

ငြိမ်ဆိမ်လွန်းလှသည့် Bunnyကြောင့် Taehyungie အရင်တုန်းကတော့ တိရစ္ဆာန်ဆေးကု ဆရာဝန်ထံပဲ ခေါ်သွားရမလား စိုးရိမ်ပူပန်ခဲ့ဖူးပေမယ့် အခုကတော့ နေသားကျသွားပြီဖြစ်သည် ။

" Morning... Bunny... "

ဒီနေ့က အသံသွင်းရန် studioကို သွားရမည် ဖြစ်သဖြင့် Taehyungie မနက်စာကို ပေါင်မုန့်မီးကင်နှင့် နွားနို့တစ်ခွက် ဖျော်လိုက်သည် ။

ပြီးတော့ မုန်လာဥနီကိုလည်း အတုံးသေးသေးလေးများ လှီးဖြတ်လိုက်ပြီး ထားသည့်နေရာတွင်သာ မလှုပ်မယှက် နေတတ်လေ့ရှိသော Bunnyလေးကို ချကျွေးလိုက်သည် ။

ဒါနဲ့.. Bunnyက လူပုံစံပြောင်းသွားနိုင်ရင်လည်း ဒီလိုမျိုးပဲ အေးတိအေးစက်ကြီးဆို ဒုက္ခ ။

Taehyungieက အခုတလော Hybridအကြောင်းကို ရှာဖွေစပ်စုထားသည်မို့ အခြားသူများ၏ Hybridများကဲ့သို့ပင် Bunnyလေးကလည်း လူပုံစံပြောင်းနိုင်သည့်အခါ ချစ်စဖွယ် ချွဲနွဲ့တတ်သည့် Hybridမျိုးလေး ဖြစ်လာဖို့ကို မျှော်လင့်မိသည် ။

" ရား.. အဲ့ဒီအခါကျရင်တော့ မင်းက ငါ့ကို အဖက်လုပ်မှာပါနော်.. လူပုံစံလေး မြန်မြန် ပြောင်းလာပါတော့.. မင်းက 16နှစ် ကျော်နေပြီမလား.. "

Bunnyလေးကို ကောက်'မ'ကာ ဆိုပြီးမှ ကတ်ပုံးလေးထဲတွင် ချပေးလိုက်ကာ မုန်လာဥနီကိုလည်း အရံသင့် ထည့်ထားပေးလိုက်သည် ။

ပြီးလျှင် မတင်မကျ စိတ်ကြီးကြောင့် Minhoထံသို့ ဖုန်းဆက်လိုက်သည် ။

" Minho ah.. Bunnyက 16နှစ်ကျော်နေပြီကို အခုထိလည်း လူပုံစံ မပြောင်းသေးဘူးရော.. "

He is Fake Hybrid!! (Complete)Where stories live. Discover now