Part ~ 4

8.7K 1.3K 188
                                    

zawgyi

ဧည့်ခန်းထဲက ဆိုဖာထက်တွင် မျက်နှာချင်းဆိုင် ထိုင်နေကြသော Taehyungieနှင့် သူ့ကိုယ်သူ Hybridလို့ ဆိုသည့် လူသား ။

Taehyungie သူ့အရှေ့က လူသားကြောင့် နဖူးစထက် ချွေးစများက အလိုလို စိမ့်ထွက်နေသည် ။

ထိုလူသားက သူ့အား မိုက်ဂိုက်နှင့် ကြည့်နေသည်လေ ။

" ဆိုတော့ကာ.. မင်း..မင်းက ငါ့ရဲ့Bunnyလေးလို့ ပြောတာလား.. "

" မယုံတာလား... "

မျက်မှောင်တွန့်ချိုးသွားသည့် ထိုလူသားကြောင့် Taehyungie ကပျာကယာ လက်ကာ ပြလိုက်သည် ။

" မဟုတ်.. မဟုတ်ပါဘူး.. မင်းက ငါ ထင်ထားတဲ့ပုံစံနဲ့ နည်းနည်းလေး ကွဲနေလို့ပါ.. "

နည်းနည်းလေး မဟုတ်ဘဲ တက်တက်စင်အောင် ကွဲနေတာ!!...

Taehyungieသာ မယုံဘူးလို့ပြောရင် ထထိုးလာမည့်ဟန်ရှိသော လူသားကြောင့် Taehyungie အရိပ်အခြည်ကို သတိကြီးစွာနှင့် ကြည့်နေရသည် ။

" မင်းက ဘယ်လို ပုံစံ မျှော်လင့်ထားလို့လဲ.. "

" အာ.. မဟုတ်ပါဘူး.. စိတ်ထဲမထားပါနဲ့.. "

ထိုလူသားက ကြည့်ရင်း ကြည့်ရင်းနဲ့တော့ ယုန်မျက်နှာလေးနဲ့ တူသလိုလို ရှိလာသား ။

သူက တကယ်ကြီး Taehyungieရဲ့ Bunnyလေးလား ။

အာ.. ဒါပေမယ့် တစ်ခုခု လွှဲနေသလိုပဲ ။

ထိုလူသားက Hybridဆိုရင်တောင် Taehyungie Googleကနေ ရှာကြည့်ထားတဲ့ အချက်အလက်တွေလို ဖြူဖြူစင်စင် အပြစ်ကင်းစင်တဲ့ အသွင်အပြင်လည်း မရှိဘူး..။
သေးသေးညှက်ညှက် ခန္ဓာကိုယ်လည်း မဟုတ်တဲ့အပြင် Taehyungieထက်တောင် ခန္ဓာကိုယ် အရွယ်အစားက ကြီးနေသေးတယ်!!

Taehyungieက ကျောင်းမှာ အဆင့်မကောင်းခဲ့ဘူး ဆိုရင်တောင်မှ 16နှစ်သားရဲ့ ခန္ဓာကိုယ်က ဤမျှထိ မကြီးထွားလောက်မှန်း သိသေးပါသည် ။

အာ... တစ်ခုခုတော့ လွှဲနေတယ် ထင်တယ်...။

Taehyungie သံသယ အလုံးစုံကို လျှာလေးဖိကိုက်ရင်း မြိုသိပ်လိုက်ရသည် ။

အနက်ရောင် ရှပ်အင်္ကျီအောက်ကနေ တစ်စွန်းတစ်စ မြင်နေရသော ထိုလူသား၏ ညာဘက်လက်ထံမှ Tattoo ။

He is Fake Hybrid!! (Complete)Where stories live. Discover now