Part ~ 11

7.6K 1.1K 52
                                    

zawgyi

မြေပြင်၌ အိပ်မောကျသွားခဲ့သည့် Bunny၏ခန္ဓာကိုယ်ကို Taehyungie မနိုင်မနင်းနှင့် ကျောထက်တင် သယ်ပိုးလာရကာ Taxiဌားပြီးတော့သာ အိမ်ပြန်ခေါ်လာခဲ့ရသည် ။

Taehyungieရဲ့ ကားကိုတော့ မနက်ဖြန်မှပဲ ထိုနေရာကနေ ပြန်သွားယူပြီး Bunnyလုပ်ခွဲခဲ့သည့် ကားမှန်ပိုင်ရှင်ကိုလည်း တောင်းပန်ပြီး လျော်ကြေးပေးရဦးမည် ။

" အမယ်လေး... ဟူး... "

Bunny ခန္ဓာကိုယ်ကို အခန်းထဲက ကုတင်ထိ တွန်းတင်ပြီးမှ Taehyungie ဟောဟဲလိုက်ကာ အတန်ကြာ အမောဖြေနေရသည် ။

ဒီနေ့ တစ်ရက်တည်းနှင့်ပင် Taehyungie ငယ်စဉ်တည်းကနေ အခုထက်ထိ မကြုံတွေ့ခဲ့ဖူးတဲ့ ပြဿနာများ အလုံးလိုက် အရင်းလိုက် ၀င်လာသလိုပင် ။

Taehyungie သူ့အင်္ကျီများကို ချွတ်လိုက်ကာ ပေါ့ပေါ့ပါးပါး တီရှပ်နှင့် ဘောင်းဘီတိုလေး ၀တ်ဆင်ပြီးနောက် ကုတင်ထက်က Bunnyဆီ အကြည့်ရောက်သွားသည် ။

သူ Bunnyကို အ၀တ်အစားလဲပေးရမလား??..

Taehyungie ထိုအကြံကို ခေါင်းယမ်း ရှင်းထုတ်လိုက်ပေမယ့် ဘီယာကိုအလွန်အကျွံ သောက်ထားသော Bunny နေရခက်မည်ကို စိတ်အနည်းငယ် ပူနေသောကြောင့် တွန့်ဆုတ် တွန့်ဆုတ်နှင့်ပင် Bunnyဆီကို ချဉ်းကပ်လိုက်သည် ။

အရင်ဆုံး Bunnyရဲ့ ဂျာကင်ကို ခဲရာခဲဆစ် ဆွဲချွတ်ရသည် ။

ခန္ဓာကိုယ် အရွယ်အစား ကြီးမားသော Bunnyကို အ၀တ်အစားလဲပေးရသည်က မလွယ်ကူ ။

Bunnyရဲ့ ရှပ်အင်္ကျီကြယ်သီးပေါ်သို့ မရဲတရဲလေး လက်တင်လိုက်သည့် Taehyungie ။

ပထမကြယ်သီး တစ်လုံးကို ဖြုတ်ပြီးနောက် သူ့ကိုယ်သူ အလွန်တရာ ထူးဆန်းနေသူလို ခံစားလိုက်ရသည် ။

အာ.. ။

ထိုထူးဆန်းလှသည့် ခံစားချက်ကို ခေါင်းအသာယမ်း ရှင်းထုတ်ပြီး ဒုတိယကြယ်သီးကို အသာယာ ဖြုတ်ပေးလိုက်စဉ် ဖြတ်ခနဲ ပွင့်ဟလာသည့် Bunny၏ မျက်ဝန်း ။

Taehyungieက သူ့အပေါ် အုပ်မိုးထားသလို ဖြစ်နေတာမို့ အကြည့်ချင်းဆုံသွားလျှင် အခြေအနေက ကိုးရိုးကားယား ဖြစ်သွားရသည် ။

He is Fake Hybrid!! (Complete)Where stories live. Discover now