အပိုင်း - ၁ ( Uni + Zaw )

528 31 12
                                    

♪  ~ ဂျိန်းဖောသူ ဂျိန်းဖောသူ
ရိုးတဲ့စကားတွေဆိုလဲ ဆန်းတယ်ထင်နေရ...
သားရေပေါ်မှာနားပြီးတော့
သားရေနားကပ်စား ကိုယ်ဟာဒီလိုမျိုး
ကျေးစွပ်စွာမဟုတ်ဘူး...
ယုံလို့တော့ အတင်းမပြောပါ ညီမလေးရာ ~ ♪

စိုင်းထီးဆိုင်ရဲ့ ဂျိန်းဖောသူ သီချင်းက ကားရဲ့ရေဒီယိုမှတဆင့် ကားထဲမှာပျံ့လွင့်နေသည်။ ကားရဲ့နောက်ခန်းထဲတွင်တော့ ဝတ်စုံပြည့်ဝတ်ထားပြီး ငယ်ရွယ်တောက်ပတဲ့အရှိန်အဝါအပြည့်နဲ့ လူငယ်တယောက်
ဖြောင့်တန်းနေတဲ့ မျက်ခုံးတွေဟာ စိတ်ငြိုငြင်မှုအချို့ကြောင့် မဖြောင့်တန်းနေတော့ပေ..။

" မင်းတို့အလုပ်ကို သေချာလုပ်ရမယ်ဆိုတာ နားမလည်တာလား ဟမ်!!
ငါအဲ့ကျောက်တွေကို ရမှဖြစ်မှာမို့လို့ မင်းတို့ကို အဲ့အထိလွှတ်ထားတာလေ..
မင်းတို့ရဲ့အပြစ်ကြောင့် အဲ့ကျောက်တွေကိုငါလွတ်သွားပြီ....တောက်စ်.."

".................."

" မလိုဘူး... ငါ့ဘာသာတက်လာခဲ့တော့မယ်
ငါလာရင် နေဖို့နေရာအဆင်သင့်ပြင်ထား.."

"..................."

တဖက်မှဖြေနေရင်း တဝက်တပျက်မှာတင် ဖုန်းကိုချလိုက်သူက အတော်လေးစိတ်ညစ်နေဟန် ..... မျက်ခုံးစပ်နားကို လက်မနဲ့လက်ညိုးသုံးကာ ဖိပွတ်ရင်း မျက်စိမှိတ်ကာ စိတ်ဖြေလျှော့နေ‌သည်။
တခဏအကြာမှာ အစိမ်းရောင်မျက်ဝန်းများက ပွင့်အာလာကြ‌ရင်း ခေါင်းခန်းမှ ဒရိုင်ဘာအား တစုံတခုလှမ်းပြောလိုက်သည် ။
ထိုအမိန့်ကြောင့် ဒရိုင်ဘာသည်လဲ ကားကိုစံအိမ်တော်ဘက်ပြန်လည်ဦးတည်လိုက်တော့သည် ။

နံဘေးက ရှုခင်းတေွကိုဖြတ်ကျော်ရင်းကားလေးဟာ နေပြည်တော်ရဲ့ ၁၂ လမ်းသွား လမ်းမကြီးပေါ်မှာ တရိပ်ရိပ်ပြေးနေလျက်...သူ့နာမည်က ဆောင်းဧကမိုး နှစ်ယောက်မရှိတဲ့နာမည်ပိုင်ရှင်ဖြစ်သလို ချမ်းသာမှုနဲ့ စည်းကမ်းတင်းကပ်မှုကလဲ နှစ်ယောက် မရှိပေ။ ယခုစိတ်တိုနေရခြင်းမှာလဲ သူလိုချင်တဲ့ ဖားကန့်ကကျောက်တွေကို ဝယ်ဖို့လွှတ်လိုက်တဲ့ လူယုံကလမ်းမှားသွားပြီး ကျောက်ပွဲတန်းရောက်တာ နောက်ကျသွားခဲ့တာမို့ ကျောက်တွေကို တခြားတယောက်ကဝယ်သွားတာကြောင့်ပင်...

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now