အပိုင်း - ၉ ( Zawgyi )

57 3 0
                                    

ရဂွန်းတို့ မနက်စာစားပြီးချိန်မှာတော့ ပူတာအိုဒေသနဲ့ မနေ့ကလည်ပတ်ရန်ကျန်ခဲ့သော မိုးညှင်းခရိုင်ကိုသွားကြမည်ဖြစ်သည် ။ ယမနေ့က ဖားကန့်ဒေသကိုလည်ပတ်ခဲ့သော်လဲ ကျန်သေးသော မိုးညှင်းနှင့် မိုးကောင်းဒေသကိုမူ အချိန်မရတော့၍ ချန်ခဲ့ရသည်ဖြစ်ရာ ယနေ့တွင် ကျန်ဒေသများကိုလည်ပတ်ပြီး ညနေပိုင်းတွင်တော့ အေးချမ်းလှသော ပူတာအိုခရိုင်သို့ ခရီးဆက်ကြမည်ပင်ဖြစ်သည် ။

မနက်စာစားသောက်ပြီးကြတာနဲ့ ကားပေါ်တက်လိုက်ကြပြီး ခရီးကိုဆက်လက်စတင်လေတယ် ။ ဦးစိုင်းနဲ့နှောင်းဝေကတော့ ပျော်ရွှင်ပြီး စကားတပြောပြောနဲ့ ကားကိုစတင်လိုက်တယ် ။ ရဂွန်းအနေနဲ့လဲ ဦးစိုင်းနဲ့နှောင်းဝေတို့ကို ကြည့်ပြီး ဝမ်းသာနေမိသည် ။ ရဂွန်းကိုယ်တိုင်လဲ ချစ်ရသူနဲ့ လက်တွဲခွင့်ရတဲ့အခါ အလွန်ကိုပျော်နေမိလိမ့်မည်ထင်သည် ။ ချစ်ရသူဟာ ယောကျာ်းလေးဖြစ်ခြင်း မိန်းကလေးဖြစ်ခြင်းကို ရဂွန်းစိတ်မဝင်စားပါ ။ ရဂွန်းချစ်မိရင်တော့ အကောင်းဆုံးဂရုစိုက်ပေးနေမှာပင် ။

အတွေးနယ်ချဲ့နေတဲ့ ရဂွန်းကိုကြည့်ရင်း ဧကလဲပြုံးနေမိသည် ။ ချစ်သွားလို့ အကြားအမြင်ပဲရလာသလား မပြောတတ်ပေမယ့် ဟူဘာတွေးနေသည်ဆိုတာကိုတော့ ဧကသိနေသည်ပင် ။ ဟူ တစ်ယောက်တည်းအတွက် အလုပ်လုပ်တဲ့အကြားအမြင်ပေါ့ ။ အခုလဲ ရဂွန်းတွေးနေသည်မှာ သူ၏အနာဂတ်ချစ်သူအကြောင်းသာဖြစ်ရမည်မှန်း ဧကသိနေသည် ။ သဝန်တိုလားဆိုတော့ မတိုပါ ။ အနာဂတ်ချစ်သူဆိုကတည်းက ဘယ်သူပြောနိုင်မှာလဲ ဧကလဲဖြစ်နေနိုင်သည်ပဲ မဟုတ်လား ။

တိတ်ဆိတ်နေဆဲ့ ကားလေးဟာ နှောင်းဝေတို့အတွဲရဲ့စနောက်တဲ့ စကားသံတွေသာပေါ်ထွက်နေသည် ။ ထွေးကတော့ နေရခက်လာသည့်ဟန် ချောင်းဟန့်မိလိုက်တော့ ရဂွန်းရော ဧကပါ အသိဝင်လာကြတော့သည် ။ ဧကကလဲ ဟူ့ကိုအကြည့်လွှဲလိုက်သလို ရဂွန်းကလဲ အခုသွားရောက်မယ့် မိုးညှင်းခရိုင်အကြောင်းကို ရှင်းပြဖို့လုပ်ရတော့သည် ။

" အခုသွားမှာ မိုးညှင်းခရိုင်ဆိုတော့ မိုးညှင်းမြို့နဲ့ မိုးကောင်းမြို့နယ်အကြောင်းရှင်းပြပေးမယ်....

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteTahanan ng mga kuwento. Tumuklas ngayon