အပိုင်း - ၅ ( uni )

186 19 7
                                    

" မနောပွဲအကြောင်းပြောမယ်ဆိုရင် အရင်ဆုံး ကချင်ပြည်နယ်အကြောင်းကို သိမှရမယ် ။ ကချင် ကို ပါဠိနဲ့ဆိုရင် ကခြင် , ရှမ်းစကားနဲ့ဆိုရင် ခေါင် , ရှေးတရုတ်စကားနဲ့ဆိုရင် ယကျင် လို့ခေါ်ကြတယ် ... ကချင်ပြည်နယ်ရဲ့ အဓိကလူမျိုးစုကွဲတွေက ဂျိန်းဖော ၊ လီဆူး ၊ ရဝမ် ၊ အဖီး ၊ မရူး ၊ လရှီး ၊ လီရှော တို့ပဲ ၊ အုပ်စုအရကြည့်မယ်ဆိုရင်  တီဘက်တိုဘာမင် အုပ်စုဝင်တွေပဲ ။ ကချင်ပြည်နယ်မှာ ခရိုင် ၄ ခုနဲ့မြို့နယ်ပေါင်း ၁၈ ခုရှိတယ် ။ ခရိုင်တွေက  ဗန်းမော် ၊ မြစ်ကြီးနား ၊ မိုးညှင်း နဲ့ ပူတာအိုတို့ပဲဖြစ်တယ် ။ ကျန်တဲ့ခရိုင်တွေကိုတော့ လည်ပတ်ရင်းနဲ့ ပြောပြပေးမယ် ။ အခုတော့ အခုလည်ပတ်မယ့် မြစ်ကြီးနားခရိုင်အကြောင်းကို ပြောပြမယ် ။

မြစ်ကြီးနားမှာ ဝိုင်းမော် ၊ အင်ဂျားယန် ၊ ချီဖွေး ၊ ဆော့လော် ၊ တနိုင်း မြို့နယ်တွေပါဝင်တယ် ။ ဟိုးအရင်က‌တော့ ဗမာနဲ့ ရှမ်းတွေနေထိုင်ရာ ရွာလေးပဲပေါ့ ။ ဧရာဝတီမြစ်စတင်ရာနားမှာရှိလို့ မြစ်ကြီးနားလို့ခေါ်ကြတာ ( ဧရာဝတီမြစ်နားတွင်ရှိ၍ ခေါ်ကြသည်ဟုလဲ ပြောကြသည် ။ ) 

၁၈၉၂ နောက်ပိုင်း နယ်ချဲ့တွေအုပ်ချုပ်ချိန်မှာ ရုံးစိုက်ရာဒေသကို မိုးကောင်ကနေ မြစ်ကြီးနားကိုပြောင်း‌ရွှေ့ခဲ့တာမို့ ထင်ရှားပြီး အချက်အချာကျတဲ့မြို့ကြီးဖြစ်လာတယ် ။ ၁၉၄၇ ဖွဲ့စည်းပုံအရ ဗိုက်လ်ချုပ်အောင်ဆန်းက ကချင်ပြည်နယ်ရဲ့ မြို့တော်အဖြစ်သတ်မှတ်ပေးခဲ့တယ် ။ ဒါပေမယ့် ၁၉၄၈ ရောက်မှကချင်ပြည်နယ်လို့ အတိအကျသတ်မှတ်ပေးခဲ့တာ ... ၁၉၄၈ ဇန်နဝါရီ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ပထမဆုံး သမ္မတကြီးဖြစ်တဲ့ စဝ်ရွှေသိုက်က စီတာပူမနောကွင်းမှာ ကချင်မနောအောင်ပွဲနေ့ကိုစတင်ဖွင့်လှစ်ပေးခဲ့တယ် ။ အဲ့တာကြောင့် နှစ်တိုင်း ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကချင်ရိုးရာမနောပွဲကို အမြဲကျင်းပလာကြတာ အစဉ်အဆက်ပဲပေါ့ ။ ဒီနေ့က ဇန်နဝါရီ ၈ ရက်ဆိုတော့ ဧကတို့ရောက်လာတာ ကွက်တိပဲလို့ပြောလို့ရတယ် မနောပွဲရဲ့ အကျဉ်းချုပ်ကတော့  တော်တော်လေးကိုရှင်းပြရမှာမို့လို့  မနောပွဲကိုပြရင်းရှင်းပြတာ အကောင်းဆုံးမို့ ပွဲနေ့ကိုစောင့်ကြတာပေါ့   "

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now