အပိုင်း - ၁၃ ( Uni )

128 14 4
                                    

ဧကတို့ စံအိမ်ပြန်ရောက်ချိန်တွင် မိုးချုပ်နေပြီဖြစ်သလို အကုန်လုံးလဲ ခရီးပန်းနေကြလေပြီ ။ စံအိမ်ရောက်သည်နှင့် ကိုယ်စီအခန်းဝင်ကာ ရေမိုးချိုးပြီးကာမှ ညစာစားကြရန် ဆင်းလာကြသည် ။ ယနေ့ညစာအတွက် ကချင်အမဲသားထောင်းနှင့် ဟင်းနုနွယ်ရွက်ကြော် ၊ ချဉ်ပေါင်ဟင်းချိုနှင့် ဆေးကြက်ဥပြုတ်တို့ကို ပြုလုပ်ထားသည် ။

ကချင်အမဲသားထောင်းကိုပြုလုပ်ရန် ပထမဦးစွာ အမဲခြောက်ကို အသားနွာပြီး ကြက်သွန်ဖြူ ၊ ဂျင်း ၊ ရှမ်းနံနံ ၊ ပဲပုတ် ၊ ဖက်ဖယ်ရွက် ၊ ငရုတ်သီးစိမ်းနှင့် ပင်စိမ်းတို့ကို ရောနှောကာ ထောင်းရသည် ။ ကျေညက်စွာထောင်းအပြီးတွင်တော့ ပန်းကန်ထဲထည့်ကာ သံပုရာသီးလေးညှစ်လိုက်ရုံဖြင့် ချဉ်ချဉ်စပ်စပ်နှင့် နှုတ်မြိန်လှသော ကချင်အမဲသားထောင်းကို လွယ်ကူစွာပြုလုပ်နိုင်သည် ။

ဆေးကြက်ဥပြုတ်ကတော့ ထမင်းမစားချင်ပါက ညဘက်အဆာပြေစေရန် ပြုလုပ်ပေးထားခြင်းပင် ။ ဆေးကြက်ဥပြုတ်အား ကချင်ပြည်နယ်မှထွက်သော ဆေးဘက်ဝင်သော သစ်ဥသစ်ဖုများဖြင့်ပြုလုပ်ထားသဖြင့် ဆေးဖက်ဝင်သလို အရသာလဲပြည့်စုံလှသည် ။

ဧကတို့ကညစာစားကြပေမယ့် ထွေးကတော့ မစားဘဲ ဆေးကြက်ဥပေါင်းနှင့်သာ ပြီးဆုံးလိုက်သည် ။

•••••••••••••••••••••••••••••

ထမင်းစားသောက်ပြီးချိန်တွင်တော့ ဦးစိုင်းနှင့်နှောင်းဝေက ဥယျာဉ်ထဲကို ဆင်းသွားကြသည် ။ ထွေးသည်လဲ နားတော့မယ် ဟုဆိုကာ အခန်းထဲဝင်သွားတော့သည် ။ ထမင်းဝိုင်းတွင်ကျန်နေခဲ့သည်မှာ ရဂွန်းနှင့်ဧကနှစ်ယောက်သာ ....။

ဟူ့ကိုစကားပြောချင်ပေမယ့် ဘယ်ကစရမယ်မှန်း ဧကမသိ ။ ဖွင့်ပြောခဲ့ခြင်းကြောင့် သူနဲ့ကိုယ်ကြားမှာစည်းတခုခုခြားနေသလိုပင် ။
ဟူ သည်လဲ ထိုင်ရာကမထ...။ အကယ်၍ သင်သာ ယခုအချိန်တွင် ဤအခန်းထဲဝင်လိုက်မ်ိပါက ကြက်သီးထဖွယ်ကောင်းလှသည့် တိတ်ဆိတ်ခြင်းနှင့်အေးစက်မှုကို မလွှဲမသွေခံစားရပေမည် ။

နာရီလက်တံတွေလည်နေသလို နှောင်းဝေနှင့်ဦးစိုင်းသည်ပင် အခန်းထဲပြန်ဝင်သွားကြလေပြီ ။ ဧကတို့နှစ်ယောက်မှ ထိုပုံစံအတိုင်း ထိုင်ဆဲ....။ နောက် 10 မိနစ်အကြာ....ဆက်ထိုင်ဆဲ ။ 15 မိနစ်အကြာ...ဆက်ပြီးကိုထိုင်နေဆဲ ။ နောက်ဆုံးတွင်တော့ နေရခက်မှုကို ဧက ကသာဖြိုခွင်းလိုက်တော့သည် ။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now