အပိုင်း - ၂၀ ( Uni + Zaw )

75 6 0
                                    

ကောင်းမှုလုံဘုရားကြီးသည် ရွှေရောင်တဝင်းဝင်းနှင့်သပ္ပာယ်လျက်ရှိသည် ။ ကောင်းမှုလုံဘုရားကြီးသည် အဝေးမှကြည့်ပါက သေးငယ်သော စေတီငယ်ဟုထင်ရသော်လဲ သေချာအနီးသို့သွားလျှင် ကျယ်ဝန်းလှသော စေတီရင်ပြင်တော်နှင့်အတူ မြင့်မားသော ဉာဏ်တော်အမြင့်ကိုပါ အံ့ဩဖွယ်သိရှိနိုင်မည်ဖြစ်သည် ။

ကောင်းမှုလုံစေတီသည် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင်တည်ရှိသည် ။
ကောင်းမှုလုံစေတီသို့ရောက်သောအခါ ဘုရားရင်ပြင်တော်ပေါ်လျှောက်ပတ်ကြသည် ။ ထွေးနှင့်နှောင်းဝေက ဘုရားရှိခိုးနေကာ ဦးစိုင်းက အနားတွင်ထိုင်လျက် နှောင်းဝေ၏တည်ငြိမ်အေးချမ်းနေသော ပုံလေးအား ကြည်နူးစွာထိုင်ကြည့်နေလေသည် ။

ရဂွန်းကမူ သူ၏မွေးနံထောင့်ဖြစ်သည့် သောကြာထောင့်တွင်ရေသပ္ပါယ်နေသည် ။ ရဂွန်း၏အနူးသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အဝါးကမူ ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်သည် ။ အဝါးက ရဂွန်းအားမည်သည်ကိုကိုးကွယ်ရမည် ။ မည်သည်ကိုယုံကြည်ရမည်ဟု မကန့်သတ်ထားပေ ။ ရဂွန်း၏စိတ်ထဲမှ အမှန်တရားလို့ထင်တာမှန်သမျှကို ချင့်ချိန်ပြီးယုံကြည်ပါ လို့ပြောခဲ့သည် ။ အနူးကလဲ ရဂွန်းအားသူရှိနေစဉ်မှာ မကန့်သတ်ခဲ့ပေ ။

ထို့ကြောင့် ရဂွန်းသည် ခရစ်စမတ်ဆိုလျှင် ချက်ကျောင်းထဲမှာ ကျေးဇူးတော်သီချင်း‌တွေသီဆိုခဲ့ဖူးသည် ။ မာသာတို့နှင့်လဲ ယေရှုဘုရားရှင်ထံ အတူတူဆုတောင်းဖူးသည် ။
ဝါဆို ၊ သီတင်းကျွတ်ဆိုလျှင်လဲ လူကြီးသူမတွေလိုက်ကန်တော့ခဲ့သည် ။ ကဆုန်လပြည့်ဆိုလျှင်လဲ ညောင်ရေသွန်းလောင်းဖူးသည် ။

ရဂွန်း၏ဘဝသည် မခက်ခဲခဲ့ပါ ။ သို့အတူ လွယ်ကူခဲ့သည်လဲမဟုတ်ပေ ။ အဝါး၏လျှို့ဝှက်ချက်သည် ရဂွန်းဘဝအတွက် အကြီးမားဆုံးအမှားဖြစ်ခဲ့သည်။ အဆိုးဝါးဆုံးအမှတ်တရတခုဖြစ်သွားခဲ့သည်။

ဧက ဟူ့အားကြည့်နေသည်မှာကြာလေပြီ ။ ဟူသည်ဘုရားအားရေသပ္ပါယ်နေသော်လဲ စိတ်ကမူ ထိုအရာထဲတွင်မနှစ်မြုပ်ထားမှန်းသိသာလှစွာပင် ခွက်ငယ်ထဲမှရေကုန်သွားသည်ကိုပင် ထိုအတိုင်းကိုင်လျက် ရပ်နေဆဲ ။
တဖြေးဖြေးတုန်ရီလာသော ခွက်ကိုင်ထားသည့်လက်ဖျားသွယ်သွယ်တို့ကြောင့် ဧက ဟူ့နားကပ်ကာ ခါးအားဖက်လိုက်မိသည်။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now