အပိုင်း -၃ ( Uni )

241 24 10
                                    

အရင်အပိုင်းမှာပါခဲ့တဲ့ ဂျိန်းဖောရိုးရာခေါင်းပေါင်း

( ကာတွန်းပုံနှင့်သာအသုံးပြုထားပါသည် ။ပုံ crd to owner )

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

( ကာတွန်းပုံနှင့်သာအသုံးပြုထားပါသည် ။
ပုံ crd to owner )

##############################

ရဂွန်းမှာ ခြံသန့်ရှင်းရေးလုပ်နေစဉ် ဦးစိုင်းမှ ခေါ်သည်ဆို၍ လာရပြန်သည် ။ ရဂွန်းသည် တိုးရစ်ဂိုက်အနေနဲ့ အလုပ်လုပ်ကိုင်သလို ခရီးသွားရာသီမဟုတ်သော အချိန်များတွင် ခြံလုပ်ငန်းဖြင့်အသက်မွေးသည် ။ ခြံလုပ်ငန်းမှာ မိရိုးဖလာလုပ်ကိုင်လာခဲ့သောလုပ်ငန်းဖြစ်သဖြင့် ဥယျာဉ်ခြံများလည်း အများအပြားရှိသည် ။ အများအားဖြင့် မက်မွန်သီးနှင့် လိုင်ချီးသီးကို အစိုက်များသည် ။ ဦးစိုင်းသည် ရဂွန်း၏အဝါး ( ဖေဖေ )နှင့်အတော်ရင်းနှီးသည်ဟုဆိုရမည် ။

( ကချင်စကားအရ အဖေကို ဝါးဟုခေါ်ပြီး ဖေဖေကို အဝါးဟုသုံးသည် ။ ကချင်အဘိဓာန်မှ ကောက်နုတ်သည် )

တချို့ဧည့်သည်များကိုလဲ ဦးစိုင်းကပဲချိတ်ဆက်ပေးသဖြင့် ရဂွန်းနှင့်လဲ အမြဲတမ်းနီးနီးအဆက်အသွယ်ရသည် ။ ယခုလဲ ဧည့်သည်လာ၍ခေါ်ခြင်းဖြစ်မည်ဟုသာတွေးလိုက်သည် ။ အထကကျောင်းနှင့် ဘုန်းကြီးကျောင်းသည် သိပ်မဝေးသောကြောင့် ဖြေးဖြေးချင်းသာလျှောက်လာခဲ့သည် ။ ဘုန်းကြီး‌ကျောင်းထဲဝင်ဝင်ချင်း‌တွေ့ရသည်မှာ သိန်းထောင်ချီတန်လောက်မည်ဖြစ်သော ကားတစ်စီးနှင့် ပင်မကျောင်းဆောင်ကြီးထဲမှ ခပ်အုပ်အုပ်စကားပြောသံ....မကြာမီမှာပင် မိမိဝင်လာသည်ကို ဦးစိုင်းကတွေ့သွားသည်ထင် ဟိုမှာလာပြီ ဟုသူ့အရှေ့မှဧည့်သည်ဖြစ်ဟန်ရသူအား လှမ်းပြောသည် ။
ထို‌ဧည့်သည်ကလဲ ရဂွန်းဘက်ကိုလှည့်ကြည့်လာပြီး စိုက်ကြည့်နေချိန်တွင် မြင်လိုက်ရသည်က ခန့်ညားသည်ထပ်ပိုသော မျက်နှာတခု... တခါမှထိုကဲ့သို့ အာရုံစိုက်မခံခဲ့ရ၍လားမသိ ထိုလူရဲ့အကြည့်တွေအောက်မှာ ရဂွန်းနေရခက်မိသည်..။ သို့သော် ရဂွန်းသည် စိတ်ထဲတွင် မည်သို့ပင်ဖြစ်နေပါစေ အပြင်ဘက်သို့ ထုတ်ပြလေ့မရှိသော သူဖြစ်သည့်အတွက် ရဂွန်း၏ အရှက်သည်းနေမှုကို ထိုလူမသိလိုက်ပါချေ ။

ရဂွန်းကျောင်းဆောင်ကြီးပေါ်ရောက်တာနဲ့ ဘုရားကျောင်းဆောင်ဘက်လှည့်ကာ ဦးချလိုက်သည် ပြီးမှသာ ဦးစိုင်းတို့ဘက်လှည့်လာတော့သည် ။ ဦးစိုင်းကလဲ ရဂွန်းအား ထိုလူနှင့်မိတ်ဆက်ပေးသည် ။

" ရဂွန်း... ဒါကမောင်ဆောင်းဧကမိုးတဲ့ ဒီကိုလာတဲ့ ဧည့်သည်ပေါ့ကွာ... မောင်ဧက ဒါကရဂွန်းဟူဝေတဲ့ ဒီနယ်မှာအကျွမ်းကျင်ဆုံး တိုးရစ်ဂိုက်တယောက်ပဲဗျ..."

" တွေ့ရတာဝမ်းသာပါတယ်... ရဂွန်းဟူဝေပါ"

" ကိုယ်လဲတွေ့ရတာ ဝမ်းသာပါတယ်... ဒီဘက်ကကိုယ့်အမ ‌ဆောင်းဧကထွေးငယ် အနောက်တော့ ကိုယ့်လူယုံ နှောင်းဝေပါ "

" ကဲ အဲ့တာဆို မောင်ဧကတို့ စကားအေးဆေးပြောကြနော် ဦးလေးတော့ သွားနားတော့မယ် "

ဦးစိုင်းရဲ့စကားကြောင့် ဧက ခေါင်းငြိမ့်ပြလိုက်ပြီး ကျောက်တွေကိုသယ်ရန် နှောင်းဝေအား လိုက်သွားခိုင်းလိုက်သည် ။
ထို့နောက်မှ ဧက က‌ရဂွန်းကိုသေချာကြည့်ကာ အချိန်‌နဲ့ သွားချင်တဲ့နေရာတွေကိုပြောပြပြီး တိုင်ပင်လိုက်တော့သည် ။

ပထမဆုံးတွေ့ဆုံမှု
ပထမဆုံးကြားခဲ့ရတဲ့ မင်းရဲ့စကားသံ
ပထမဆုံးတွေကြားထဲ
ကိုယ့်ရင်ခုန်သံတွေပါ ပါသွားခဲ့တယ် ဟူ

* မနောမြေအား သက်သေတည်လျက် *
တိုတယ်လို့မပြောကြပါနဲ့ အစက ထောင်ချီရိုက်ထားတာ အကုန်ပျက်ကျသွားတယ်... နောက်တခါပြန်ရိုက်ရတော့ စိတ်တိုသွားတာပါပေါင်းပြီး စိတ်မပါတော့တာ
ချဲပါမပေါက်တော့ ပိုဆိုးသွားတယ် "(

#vote and comment ><
TBC~~

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now