အပိုင်း - ၂၁ ( Uni + Zaw )

75 7 6
                                    

ကောင်းမှုလုံစေတီတော်ထံမှာ သူတို့အခ်ျန်အတော်ကြာနေခဲ့ကြသည် ။ ပူတာအို၏ အဓိကဖြစ်သည့် ကောင်းမှုလုံကိုသာလာခြင်းဖြစ်ပြီး တခြားနေရာတွေသွားဖို့ကလဲ အချိန်သိပ်မရှိတော့တာမို့ ပူတာအိုဈေးထဲဝင်လည်ပြီးပါကပြန်ဖို့စီစဉ်လိုက်ကြတော့သည် ။

ယခုတင်ပဲ အချိန်က ညနေပင်ရောက်နေလေပြီ ။ ပူတာအို၏ည‌ေနဈေးသည် အကြီးမားကြီးမဟုတ်သော်လဲ စည်ကားလှသည် ။

ညနေဈေးဖြစ်၍ အသား၊ငါးဆိုင်များက တဆိုင်နှစ်ဆိုင်သာတွေ့ရလေသည် ။ ပူတာအိုထွက် တိုင်းရင်းရိုးရာဆေးဝါးပစ္စည်းဆိုင်များ ၊ ဒေသထွက်ပစ္စည်းများနှင့် ပူတာအိုအမှတ်တရ ပစ္စည်းအရောင်းဆိုင်များကတော့ လျှပ်စစ်မီးရောင်မှိန်မှိန်အောက်မှာ လှုပ်ရှားနေကြဆဲ ။

ဧက တို့အတွက် တိုင်းရင်းဆေးပစ္စည်းအရောင်းဆိုင် တခုထဲကို ရဂွန်းကခေါ်သွားပေးသည် ။ ဖေဖေသည် လူကြီးရောဂါရှိသဖြင့် ‌တိုင်းရင်းဆေးပစ္စည်းများကို လက်ဆောင်ဝယ်ပေးရန် လိုက်ဝင်သွားကြသည်။

ဆိုင်ခန်းငယ်လေးသည် သေးငယ်သော်လဲ အမျိုးစုံသောပစ္စည်းတို့အား အိတ်ကိုယ်စီနှင့် အပြည့်ထည့်ကာ ခင်းကျင်းထားလေသည် ။

ဆိုင်ထဲဝင်ဝင်ချင်းမျက်နှာစာတွင် The Lake Of No Return ပုံအားချိတ်ဆွဲထားသည် ။ ပြန်လမ်းမဲ့ရေကန်သည်လဲ ပူတာအို၏ သမိုင်းတခုပင် မဟုတ်ပါလော ။

ဧက ကဆိုင်ရှင်လီဆူ အမျိုးသမီးနှင့်စကားပြောသည်ကို ရဂွန်းက အလယ်မှဘာသာပြန်ပေးသည် ။
ဧကလဲ ရှားပါးပစ္စည်းဖြစ်သော ရှီးပုတီးနှင့် ပူတာအိုရေခဲတောင်‌တွေပေါ်မှာ ကျတ်စားသော ကတိုးကောင်နက်၏ ကတိုးဆီအား ဝယ်လာခဲ့သည် ။ တောဈေးဆိုင်များဖြစ်၍ ပစ္စည်းလိမ်မှာကို မြို့ကြီး‌များကဲ့သို့ မပူရပေ။

ကတိုးကောင်သည် ဟိမဝန္တာတောင်တန်းများပေါ်တွင် ကျတ်စားတတ်သော ဒရယ်မျိုးနွယ်ဝင် များဖြစ်ကာ သမင်မျိုးစိတ်ထပ် ပို၍ရှေးကျပြီး အကောင်ရေလဲ ပို၍နည်းပါးသည် ။ တိဘက်စကားအရ မော့ချပ်မော့ချီဖါရာ ဟုခေါ်သည် ။ ကတိုးကောင်တို့သည် တရုတ်ရေသမင်ကဲ့သို့ပင် အထီးတို့၌ အစွယ်များပါရှိပြီး အစွယ်ဖြင့်အန္တရာယ်တို့အား ကာကွယ်ကြသည် ။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now