အပိုင်း - ၂ ( uni )

311 26 17
                                    

နေပြည်တော်ကနေထွက်ခွာလာပြီး နာရီအနည်းငယ်အခါစီးပြီးနောက်မှာ မြစ်ကြီးနားလေဆိပ်ကိုဆိုက်ရောက်ခဲ့သည် ။ ကိုယ်ပိုင်လေယာဉ်နဲ့ ဖြစ်တာမို့ အေးဆေးသာ... လေဆိပ်ထဲကနေထွက်တာနဲ့ လာကြိုနေတဲ့ လူယုံတော် နှောင်းဝေ..ဧကကိုမြင်တာနဲ့ အနားကိုရောက်လာပြီး ကျန်တဲ့ တပည့်တွေနဲ့အတူ အိတ်တွေကိုလာသယ်တော့သည်။

" boss...အိမ်တော်ကိုပဲတန်းသွားမလား ဒါမှမဟုတ်.."

" ကျောက်တွေဝယ်သွားတဲ့သူရဲ့ အိမ်ကို အရင်သွားမယ်... နှောင်းဝေ မင်းကငါတို့နဲ့လိုက်ခဲ့ ကျန်တဲ့သူတွေကအိတ်တွေကို အိမ်တော်ကိုယူသွားတော့.."

" ဟုတ်ကဲ့ boss !!"

အသင့်စောင့်နေတဲ့ ကားပေါ်ကိုတက်လိုက်ပြီး လေဆိပ်ကနေ တဖြည်းဖြည်းထွက်ခွာလာခဲ့ကြသည် ။ လေဆိပ်ကနေ ပုံမှန်အမြန်နှုန်းနဲ့ထွက်လာရင်း မြို့ထဲကိုရောက်လာတော့ လူအနည်းငယ် ရှုပ်တာမို့ အရှိုန်ကိုလျှော့ချပြီး ဖြေးဖြေးချင်းသာမောင်းနှင်လာခဲ့သည်..။ မြစ်ကြီးနားမြို့ကနေဖြေးဖြေးထွက်ခွာလာရင်း ဝိုင်းမော်မြို့နယ်လေးထဲကိုဝင်ရောက်လာသည့်အခါ လှပသောတောတောင်တွေနဲ့ အေးချမ်းလှသောရာသီဥတုကြောင့် မြင်ကွင်းများကရင်သပ်ရှုမောဖွယ်ပင်..တောတောင်များပေါများသော မြို့နယ်လေးဖြစ်သည်နှင့်အတူ စိမ်းလန်းသော သဘာဝပေါက်ပင်များစွာက မျက်စိမလွှဲနိုင်အောင် တောင်တန်းကြီးများနှင့်ပနံသင့်လျက်..

ဝိုင်းမော်မြို့လေးသည် လူဦးရေပျမ်းမျှ ၁၂၀၀၀၀ ဝန်းကျင်ရှိသော မြို့လေးဖြစ်သည် ။ 27.7.1972 တွင် မြို့အဖြစ်သတ်မှတ်ခဲ့သော်လဲ 28.2.1973 တွင်မြို့ပြ၏အင်္ဂါရပ်များနှင့်မညီမှုများရှိတာကြောင့် မြို့နယ်အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့သည် ။ ဝိုင်းမော်မြို့နယ်အတွင်း၌ ရှေးဟောင်း ဆဒုံးခံတပ်ရှိရာ ဆဒုံးမြို့နှင့် ကန်တီမြို့တို့သည်လည်း ပါဝင်နေသည် ။ ရပ်ကွက်ပေါင်း 13 ခု ၊ ကျေးရွာပေါင်း 207 ရွာရှိသော ဝိုင်းမော်မြို့လေးသည် သာယာလှပါသည် ။ အများစုမှာ အစိုးရဝန်ထမ်းများအဖြစ် လုပ်ကုိင်ကြပြီး ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်သူလဲ များပြားလှပေသည် ။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now