အပိုင်း - ၄ ( Zaw )

101 3 0
                                    

နောက်တနေ့ မနက်ခင်း ~~~~

ဧကတို့ အိမ်တော်မှာ ခရီးစဉ်စတင်ရန် အဆင်သင့်ဖြစ်နေကြပေပြီ ။ ရဂွန်းက သူတို့အိမ်တော်ကပဲ ခရီးစဉ်စမယ်လို့ဆိုတဲ့ အတွက် အိမ်တော်မှာပင် အသင့်ပြင်ကာ စောင့်နေကြခြင်းပင် ။ ထွေးကတော့ မနေ့ကတည်းက စပ်စလူးခါနေလို့လိုက်ထိန်းနေရသည်မှာ အကြီးကဘယ်သူလဲတောင်ပြန်မေးရမယ့်ပုံစံ .။ နှောင်းဝေ.. အင်း နှောင်းဝေကတော့ အဲ့နေ့ကျောက်သွားယူပြီး ပြန်လာကတည်းက အတော်လေးငြိမ်ကုတ်နေသည် ။ မသိလျှင် အတင်းအဖြေတောင်းခံထားလို့ ရှက်ပြီးငြိမ်နေသည့်အတိုင်း... ဧကတို့ သိပ်စောင့်စရာမလိုပဲ ရဂွန်းမောင်းနှင်လာတဲ့ ဆိုင်ကယ်နီနီလေးကို မြင်လိုက်ရ၍ ပြုံးမိသွားသည် ။ သို့သော် ဆိုင်ကယ်နောက်ကကပ်ထိုင်လာတဲ့ ဦးစိုင်းလောင်ဝဝ်ကြောင့် အပြုံးကပျောက်ကွယ်သွားတော့သည် ။ သို့သော် ဧကအကြာကြီးစိတ်မညစ်လိုက်ပေ ။ အကြောင်းမှာ ဦးစိုင်းလောင်ဝဝ်က ဆိုင်ကယ်ပေါ်ကဆင်းလာသည်နှင့် နှောင်းဝေနားကို ခွေးလေးအမြှီးနှန့်သလို ပြေးသွားသောကြောင့်ပင်...။

နှောင်းဝေလဲ သူ့အနားကိုရုတ်တရက်ရောက်လာတဲ့ ဦးစိုင်းကြောင့် ကြက်သီးတွေပါထလာတော့သည် ။ ဧကကတော့ ရဂွန်းကိုသာ စိုက်ကြည့်နေသဖြင့် ရဂွန်းလဲ လူမှုရေးအရ ပြန်ပြုံးပြလိုက်သည် ။ ဧက လဲ ရဂွန်းအနားကို လျှောက်လာပြီး

"  ဟူ..ဟူလို့ပဲခေါ်မယ်နော် .."

" ရပါတယ် ဧကအဆင်ပြေသလိုခေါ်ပါ "

" ဦးစိုင်းကို ဘာလို့ခေါ်လာတာလဲ သိလို့ရမလား "

" ဦးစိုင်းက ကားမောင်းပေးဖို့လေ... ကိုနှောင်းဝေတို့က အလုပ်နေရာတွေလောက်ပဲသိမှာပေါ့ .. အပန်းဖြေနေရာတွေနဲ့ အထင်ကရနေရာတွေကျတော့ လမ်းဘယ်သိမလဲ ။ "

ဟူ ပြောတာကလဲမှန်နေတာမို့ ဧက စိတ်လျော့လိုက်ပြီး နှောင်းဝေကို ခေါင်းခန်းတက်ခိုင်းလိုက်တော့ နှောင်းဝေရဲ့ မျက်နှာဟာ * ရက်စက်တော့မှာလား Boss ရယ် *ဆိုတဲ့ မျက်နှာမျိုးဖြစ်လာတော့သည် ။ သို့သော် ဧကရဲ့ *ရက်ရက်စက်စက်ပဲ* ဆိုတဲ့မျက်နှာဘေးနဲ့ ကားခေါင်းခန်းထဲ အတင်းထိုးထည့်ခံလိုက်၇တဲ့ အခါမှာတော့ * ငိုးမ Boss * ဆိုတဲ့ မျက်နှာအဖြစ်ပြောင်းလဲသွားတော့သည် ။ ဧကတို့လဲ ကားပေါ်အသီးသီးတက်ပြီးချိန်တွင်တော့ ဦးစိုင်းက ရဂွန်းဘက်လှည့်လာကာ

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now