အပိုင်း - ၂၄ ( Uni + Zaw )

78 6 0
                                    

ရဂွန်းအသက် ၅ နှစ် .... အဝါးရဲ့နှလုံးသားသေဆုံးချိန် ရဂွန်း၏အဆိုးဝါးဆုံးအိပ်မက်တို့စတင်ခဲ့ရာအချိန်...အနူး၏အသက်ဓာတ်ပျောက်ဆုံးချိန်... အဝါး၏ဘဝတခုလုံးနှင့်ဆိုင်သော အကြီးမားဆုံး အမှောင်မိုက်ဆုံးသော လျှို့ဝှက်ချက်ကြီးအား သိခဲ့ရလေသည် ။

အဝါးသည် အမှန်တကယ်တွင်တော့ ကချင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ အဓိကခေါင်းဆောင်ဖြစ်နေခဲ့သည် ။ ထိုအကြောင်းအရာကို တပ်အတွင်းမှတပ်သားများသာသိကြပြီး ပြင်ပမှမည်သူတစ်ဦးတယောက်မှသိခဲ့ခြင်းမရှိပေ ။

သို့သော် သစ္စာဖောက်တယောက်ကြောင့် အဝါးအကြောင်းကို စစ်တပ်မှသိသွားခဲ့သည် ။ အဝါးကိုဖမ်းနိုင်ဖို့ အနူးနှင့်ရဂွန်းအားပြန်ပေးဆွဲကာ မြှားခေါ်ခဲ့သည် ။ အဝါးသည် အနူးအားကယ်တင်ရန် အချိန်မှီလာသော်လဲ နောက်ကျခဲ့လေပြီ ။ စစ်တပ်၏နှိပ်စက်မှုကြောင့် အနူးမှာအသက်ဆုံးသွားခဲ့လေပြီ ။ အနူးဆုံးသွားသည်ကို အဝါးသိသည်နှင့် ထိုစစ်တပ်၏ စခန်းတခုလုံးရှိလူတိုင်းကို အသေသတ်ပြီး စခန်းကိုမီးရှို့ပစ်ခဲ့သည်။  အနူးကို နှိပ်စက်သည့် တပ်ရင်းမှူးနှင့်တပ်သားနှစ်ယောက်ကိုတော့ အဝါးကိုယ်တိုင် ရှေးဘုရင်များလက်ထက်ကသုံးခဲ့သော အရက်စက်ဆုံးနည်းလမ်းများဖြင့်သတ်စေခဲ့သည်။

အဝါးသည် ရဂွန်းအားသူ့ဘဝအကြောင်းကိုသေချာရှင်းပြပေးခဲ့သည် ။ ရဂွန်းအားတောင်းပန်ခဲ့သည် ။ ထိုအချိန်မှစတင်ကာ
ရဂွန်းဘဝသည် တဆစ်ချိုးပြောင်းလဲသွားခဲ့သည် ။

အနူးသတ်ခံရသည်ကို ကိုယ်တိုင်မြင်သွားသောကြောင့် ကလေးစိတ်နှင့်မမျှသော စိတ်ဒဏ်ရာတို့ဖြစ်လာသည်။  တခါတရံစိတ်လှုပ်ရှားမှုလွန်ကဲလွန်းမိလျှင် အရူးတယောက်နှယ်ပင် မြင်မြင်သမျှလိုက်သတ်တော့သည် ။ အဝါးထံမှ ကိုယ်ခံပညာနှင့် လက်နက်အသုံးပြုနည်းများကို သင်ယူကာ အလွန်ထူးချွန်သော ဆက်ခံသူတစ်ဦးဖြစ်လာခဲ့သည် ။ ပြင်ပကမ္ဘာတွင်
ရဂွန်းဟူဝေ ဆိုသည့်သူသည် နူးညံ့သောပန်းပွင့်ငယ်အသွင် အေးမြသောစမ်းချောင်းအသွင်နှင့်ဖြစ်သော်လဲ chyăhkyawn ( ချားယာခယောင်း ) ခေါ် ဝံပုလွေ ဆိုသောနာမည်နှင့် သူသည် နာမည်နှင့်လိုက်စွာ ဝံပုလွေတကောင်ကဲ့သို့ပင် ရက်စက်လွန်းလှသည်။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now