ကျေးဇူးတင်လွှာ { ေက်းဇူးတင္လႊာ }

65 3 3
                                    

အားလုံးပဲ မနောမြေအားသက်သေတည်လျက် « Witnessing To The MaNaw Land » လေးဟာ အဆုံးသတ်ခဲ့ပါပြီ ။

ဒီဝတ္ထုလေးဟာ 23.6.21 မှာစတင်ခဲ့ပြီး
5 လကြာ 1.11.21 မှာ ခရီးပြီးဆုံးခဲ့ပါပြီ ။
ဒီဝတ္ထုလေးတလျှောက် ဒီဒီ့ကိုကူညီပြီး အကြံဉာဏ်ပေးခဲ့ကြတဲ့ ပစ်ပစ်တို့ အယေးလ်တို့ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။
တလျှောက်လုံး vote တွေပေးကြတဲ့သူတွေ reading list ထဲထည့်ပေးကြတဲ့သူတွေ စာဖတ်သူတယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။ တကယ်တော့ ဒီဝတ္ထုလေးက ဒီဒီ စိုင်းထီးဆိုင်ရဲ့ ဂျိန်းဖောသူသီချင်းလေးကို နားထောင်ရင်း အိုင်ဒီယာရခဲ့တဲ့ ကလေးငယ်လေးပါ >< ။
ရုတ်တရက်ထရေးခဲ့တာမို့ အလျင်စလိုနဲ့လိုအပ်ချက်တွေလဲရှိမှာပါ ။ ဒါတွေကို နားလည်ပေးကြတဲ့သူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ် ။

ဒီဝတ္ထုလေးထဲမှာ ပါဝင်တဲ့ ကဗျာနဲ့စာသားတွေဟာ ဒီဒီ့ကိုယ်ပိုင်ဉာဏ်နဲ့ စပ်ထားတာတွေပဲဖြစ်ပါတယ် ။
ဒီဝတ္ထုလေးကိုရေးနိုင်ဖို့ ဖတ်ခဲ့တဲ့ စာအုပ်တွေ ဆောင်းပါးတွေလဲအများကြီးရှိပါတယ် ။
အချက်အလက်တခုချင်းစီကို ကောက်နုတ်ပေါင်းစပ်ပြီး ရေးသားခဲ့ရပါတယ် ။
ဒီဒီတခါမှမရောက်ဖူးတဲ့ဒေသဖြစ်တာမို့ စာတွေ့နဲ့ဓာတ်ပုံတွေကိုပဲ အားကိုးခဲ့ရပါတယ်။

ဒီဝတ္ထုလေးထဲမှာပါဝင်တဲ့ သ‌မိုင်းကြောင်းနဲ့ ပထဝီအခြေခံအချက်အလက်တွေကို

* ရွှေမြဉ္ဇူဘုရားသမိုင်း
* ကချင်ပြည်နယ် ခရီးသွားလမ်းညွှန်
* ကချင်ပြည်နယ်ရှိလည်ပတ်စရာဒေသများ
* မနောပွဲအကြောင်း
* On Burmese Icy Mountain စတာတွေကို အဓိကအားထားပြီးဖတ်ခဲ့ရပါတယ် ။

ဒီဝတ္ထုလေးဟာ ဇာတ်ကောင်တွေကို ဦးစားပေးခဲ့တာမဟုတ်ပါဘူး ။
ဒေသဆိုင်ရာသမိုင်းတွေ ၊ ခရီးသွားရင်အသုံးပြုနိုင်မယ့် အခြေခံအချက်အလက်တွေနဲ့ ဖန်တီးခဲ့တာပါ ။
ဘာပဲဖြစ်နေပါစေ ဒီဝတ္ထုလေးထဲက
ဆောင်းဧကမိုးနဲ့ရဂွန်းဟူဝေတို့က စာဖတ်သူတို့ရဲ့ ရင်တွင်းတနေရာမှာရှိနိုင်မယ်လို့ မျှော်လင့်ပါတယ် ။

New Year မှာ ဧကတို့ရဲ့လက်ထပ်ပွဲနဲ့အတူ နောက်ထပ် ကလေးငယ်တွေနဲ့ ပြန်လာခဲ့ပါမယ်။
အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ။
အဲ complete သွားရင် ဈေးဗန်းခင်းပေးမယ်ဆိုတဲ့ သူ‌တွေရေ စောင့်နေပါမယ်လို့။

With Love & Pure heart
By DiDi 🌙 ( 초승달 - Crescent )
1.11.2021 ( 5 : 16 PM )





* မနောပွဲအကြောင်း



With Love & Pure heart
By DiDi 🌙 ( 초승달 - Crescent )
1.11.2021 ( 5 : 16 PM )

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now