အပိုင်း - ၇ ( uni )

144 20 6
                                    

ဧကတို့ ဖားကန့်ကပြန်လာပြီး စံအိမ်ပြန်ရောက်တော့ အတော်လေးမိုးချုပ်နေလေပြီ ။ ဖားကန့်မှာ လည်ပတ်စရာနေရာမရှိပေမယ့် ဧကတို့အိမ်တော်တည်ရှိရာ မြစ်ကြီးနားနဲ့ အတော်အတန်လှမ်းတာမို့ အသွားအပြန်ခရီးကကြာတာပင် ။ မနက်ဖြန်လဲ ထပ်ထွက်ရဦးမှာဖြစ်တာကြောင့် ဦးစိုင်းရော ရဂွန်းကိုပါ အိမ်တော်မှာပဲ အိပ်ခိုင်းလိုက်တော့တယ် ။ ဧည့်အိပ်ခန်းတွေရှိပေမယ့် ဦးစိုင်းကတော့ နှောင်းဝေနဲ့ပဲ အိပ်မယ်ဆိုကာ နှောင်းဝေအခန်းထဲသာဝင်သွားလေတယ် ။ ရဂွန်းကိုတော့ ဧည့်အိပ်ခန်းကိုသာလိုက်ပို့ပေးလိုက်ပြီး ဧကလဲ ကိုယ့်အခန်းကိုပြန်ဝင်လာခဲ့တော့တယ်။ ရေချိုးလိုက်ပြီးတာနဲ့ အိပ်ချင်စိတ်မပေါ်သေးတာကြောင့် ဝရံတာမှာရပ်ရင်း စီးကရက်တလိပ်ကိုမီးညှိလိုက်ရင်း အေးချမ်းတဲ့ ရာသီဥတုကိုခံစားနေမိတယ် ။

ဧကကတော်ရုံဆေးလိပ်သောက်လေ့မရှိပေမယ့် အနားယူတဲ့အချိန် တပတ်တခါလောက်သာသောက်ဖြစ်တာမို့ ဆေးလိပ်သောက်တတ်သူလို့မထင်ရပေ ။ အေးချမ်းးလှတဲ့ရာသီဥတုကြောင့် နေပြည်တော်မှာလို တပတ်တထည်ပတ်ပြီးနေရုံနဲ့မရပေ ။ စိမ့်တက်ပြီးအေးလာတဲ့ရာသီဥတုက ဆောင်းကုန်ခါစမို့ ပိုအအေးပိုနေသယောင်ပင် ။ မြစ်ကြီးနားမြို့ဟာ အရမ်းမြင့်တဲ့ အဆောက်အအုံကနည်းပါးတာမို့  တောင်ပေါ်တွင်ဆောက်လုပ်ထားသော ဧကတို့စံအိမ်ကကြည့်လျှင် မြစ်ကြီးနားတမြို့လုံးကိုမြင်ရပေသည် ။

' ဒေါက် ဒေါက် ဒေါက်....'

" ဧက ငါပါ..."

အအေးဓာတ်ကိုခံစားနေချိန်မှာတံခါးခေါက်သံနဲ့အတူ ထွက်ပေါ်လာတဲ့ ထွေးရဲ့အသံကြောင့် အခန်းထဲပြန်ဝင်ပြီး တံခါးဖွင့်ပေးလိုက်တော့ ထွေးကဖြေးဖြေးချင်းဝင်လာလေတယ် .။ ထွေးကိုအကဲခတ်မိလိုက်တော့ ထွေးကအနားမှာရှိတဲ့ ထိုင်ခုံမှာဝင်ထိုင်ပြီး ဧကကိုပြန်ကြည့်လာလေသည် ။

" ဧက.... ငါအခုမေးတာကိုအမှန်အတိုင်းပြောပြပေးပါ ။ "

" အင်း ပြောလေထွေး "

" နင်ရဂွန်းအပေါ် တခုခုခံစားနေရတယ်မလား "

ထွေးရဲ့မေးခွန်းကိုပြန်မဖြေပဲ  ခေါင်းငုံ့ကျသွားတဲ့ဧကကြောင့် ထွေးပြုံးမိသွားသည် ။ သူနဲ့တနှစ်ပဲကွာတာကြောင့် သူငယ်ချင်းလိုရော မောင်နှမလိုပါပေါင်းခဲ့တာကြောင့် ထွေးဟာ ဧကရဲ့စိတ်ကိုအနားလည်ဆုံးလူတစ်ယောက်လို့ပြောလို့ရပေသည် ။ အခုလဲ ဧကထုတ်ပြောစရာမလိုပဲ ဧကရဲ့ နှလုံးသားကိုပါ နားလည်နေပြန်သည် ။ ထွေးကပြုံးလျက်နဲ့ ဧကကိုလှမ်းဖက်လိုက်ပြီး ခဏအကြာမှာတော့ ပြန်လွှတ်ပေးလိုက်သည် ။

သူငယ်ငယ်လေးကတည်းက ဧကကို အကိုလိုရော အမလိုပါစောင့်ရှောက်လာခဲ့တယ် ။ မိန်းကလေးတစ်ယောက်အဖြစ်မွေးဖွားခဲ့တာကြောင့် သူ့ခန္ဓာကိုယ်ကတခုခုမှားယွင်းနေတယ်လို့ထင်ခဲ့တယ်။ ဧကလေးကိုမွေးပြီးချိန်ကတည်းက သူဧကလိုဖြစ်ချင်ခဲ့တယ် ။ ဒါပေမယ့် သူ့အသက်အရွယ်နဲ့မဖြစ်နိုင်တာကြောင့် မြိုသိပ်ခဲ့ရတယ် ။ သူနောက်ဆုံးခွဲစိတ်မယ်လုပ်တော့ ဖေဖေနဲ့မေမေကလက်မခံခဲ့ဘူး ။ သဘာဝအတိုင်းပဲနေပါသမီးရယ်ဆိုတဲ့စကားကြောင့် သူပုန်းကွယ်နေခဲ့တယ် ။ ဒါပေမယ့် ဧကကဖေဖေနဲ့မေမေကိုဝိုင်းစည်းရုံးပေးခဲ့တာကြောင့် နောက်ဆုံးခွင့်ပြုချက်ရခဲ့တယ် ။ ဧက ကသူ့အတွက် မောင်တယောက် ညီတယောက်ဆိုတာထပ်အများကြီးပိုတယ် ။ ရင်ဖွင့်ပေါ်တိုင်ပင်ဖက်လဲဖြစ်တာမို့ ဧကရဲ့အနေတွးတခုချင်းစီကအစ သူနားလည်နိုင်ခဲ့တယ် ။

အခုလဲ ဧကက ရဂွန်းကိုတွေ့ကတည်းကပြောင်းလဲသွားခဲ့တယ် ။ အမြဲတည်တည်တံ့တံ့နေတတ်တဲ့သူက ရဂွန်းကိုကြည့်ရင်းပြုံးနေတတ်သလို ရဂွန်းဘာပြောပြော ခေါင်းငြိမ့်ပြီးနာခံနေလေတယ် ။ ထွေးအနေနဲ့ကတော့ သဘောမတူစရာအကြောင်းမရှိပေ ။ ရဂွန်းနဲ့တွေ့တာမကြာသေးပေမယ့် တကယ်တော်ပြီးလိမ္မာရေးခြားရှိကာ ယဉ်ကျေးတဲ့လူတယောက်ဆိုတာသိနိုင်လေသည် ။ 

 " ငါခွင့်ပြုတယ် ဧက "

" ဗျာ...ထွေး..???"

" ငါခွင့်ပြုတာမို့လို့ တကြိမ်တခါလောက် မင်းရဲ့နှလုံးသားနဲ့ပျော်ရွှင်မှုနောက်ကိုလိုက်ကြည့်လိုက်စမ်းပါ "

* ချစ်ရသူ... ကိုယ်ကတော့အဆင်သင့်ဖြစ်နေပြီ

မင်းကရော ခက်ခဲတဲ့ဘဝခရီးကို

ကိုယ်နဲ့အတူဖြတ်ကျော်ချင်စိတ်ရှိပါရဲ့လား *

* မနောမြေအားသက်သေတည်လျက် *

( ဒီဒီ့ပါးက positive ပြလို့ ပါးကိုတခြားအိမ်အလွတ်မှာထားပြီး နေတိုင်းထမင်းပို့ဟင်းပို့နဲ့ အသွားအပြန်ဆက်တိုက်လုပ်နေရတာကြောင့် စာရေးဖို့အချိန်တောင်မရှိတော့ဘူး... "(

ပြောချင်တာကတော့ နောက်အပိုင်းလဲ အပ်ပုဒိတ်နောက်ကျနိုင်ပါတယ် =_= )

#vote and comment ><

TBC ~~

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now