အပိုင်း - ၁၁ ( Uni )

110 16 13
                                    

( ရွှေမဉ္ဇူဘုရားပုံအား media တွင်ဝင်ကြည့်နိုင်ပါသည် )

ရေပြင်ကျယ်ကို ဖြတ်ကာတရစပ်ခုတ်မောင်းနေတဲ့ စက်လှေငယ်လေးဟာ အင်ဂျင်သံကလွဲပြီး တိတ်ဆိတ်နေခဲ့သည် ။

အေးမြသောရေပြင်မှ ရေစက်ကလေးများက မျက်နှာထပ် လာရောက်ကျယ်စားကြသော်လဲ တုန်ရင်နေသော နှလုံးသားကို အေးမြစေရန် မတတ်စွမ်းနိုင်ခဲ့ပါလေ ။

စက်လှေငယ်ဟာ ရေပြင်‌ကျယ်ပေါ်မှာ ‌အမြန်နှုန်းအချို့နှင့် ခုတ်မောင်းနေရင်း လျင်မြန်သောအရှိန်ကို တဖြေးဖြေး‌ေလျှာ့ကျလာလေသည် ။

စက်လှေငယ်ဟာ တဖြေးဖြေးချင်း လှေကားထစ်နားကပ်ကာ ရပ်နားပေးလိုက်ချိန်တွင် လှေငယ်ပေါ်မှ ချောမောခန့်ညားသော လူ ၅ ဦးဆင်းလာသည်ကို အနားမှ ဧည့်သည်များ တွေ့မြင်လိုက်ကြရသည် ။

ဧက သူ့နံဘေးမှ ချစ်ရသူအား စောင်းငဲ့ကြည့်လိုက်မိသည် ။ ဒီကောင်ငယ်လေးဟာ မကြာခင်သူ့အပိုင်ဖြစ်တော့မှာမို့ ပိုရင်တုန်ရသည် ။ ရင်ခုန်သည်လား ရင်တုန်သည်လားကိုတောင် ဧက ခွဲခြားနိုင်စွမ်း မရှိတော့ပါပေ ။ ကောင်လေးအား စောင်းငဲ့ကြည့်နေရင်း......

- Flashback -

" ကိုယ်မင်းကို ချစ်နေပြီ ဟူ....
မင်းယောကျာ်းတယောက်ဖြစ်နေလဲ
ကိုယ်ဂရုမစိုက်ဘူး....
ကိုယ်ချစ်တာ ရဂွန်းဟူဝေ ဆိုတဲ့ ဟူ့ကို.... "

ခေတ္တခဏကြောင်အသွားသော်လဲ အမှန်တကယ်ကို တခဏလေးသာ... ။ ဧကအားမော့ကြည့်နေသော မျက်ဝန်းငယ်တို့က ‌နံဘေးမှ စိမ်းလဲ့သောကန်ရေပြင်ထံ အကြည့်လွှဲသွားခဲ့သည် ။

ပြန်လှည့်ကြည့်လာသော မျက်ဝန်းတို့က စိမ်းကားသောအငွေ့အသက်များမပါသည်ကိုပင် ကျေးဇူးတင်ရမယောင် ၊ တုန်လှုပ်နေသော ရင်တွင်းစိုင်သည် စကားလေးတခွန်းကိုကအရ အာရုံစူးစိုက်မှုက အလွန်ပြင်းပြနေလေသည် ။

သမုဒ္ဒရာအတွင်းမှ ချောက်နက်တခုလို နက်မှောင်တောက်ပသော မျက်ဆံလေးများက ဆုံးဖြတ်ချက်ချပြတ်သားသော ပုံရိပ်ကိုပုံဖော်ပေးလေသည် ။

" ဧက သိလား ... ရွှေမဉ္ဇူဘုရားဟာ
တနှစ်ကိုတခါပဲ နတ်လမ်းပေါ်တယ်...
နောက် ၂ လကြာ နတ်လမ်းထက်မှာ
ကျွန်တော့်ရဲ့အဖြေကို လာစောင့်ပေးပါ "

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now