အပိုင်း - ၁၅ ( Uni + Zaw )

93 10 0
                                    

မကြာခင်မှာပဲ ကျယ်လောင်လှတဲ့ တေးသီချင်းသံကြောင့် ဧကတို့လဲစားသောက်ဆိုင်ငယ်လေးထဲက ထွက်လာခဲ့ကြသည် ။

ရိုးရာနတ်ပူဇော်ခြင်း ၊ ဆုတောင်းခြင်းများပြီးချိန်မှာတော့ အကြီးအကဲအချို့က အနီးအနားရှိ လာရောက်ဆင်နွှဲသူများအား ခေါင်ရည်နှင့် အမြည်းအား ကျွေးမွေးကြသည် ။ ကွင်းပြင်ကြီးအလည်တွင်လဲ ကချင်ရိုးရာဝတ်စုံများနှင့် ကချင်တိုင်းရင်းသူ ၊ တိုင်းရင်းသားတို့က မနောတိုင်အား လှည့်လည်လျက် လှပစည်းချက်ညီစွာ ကခုန်နေကြပေပြီ ။

ကချင်အမျိုးသမီးများက ရိုးရာဝတ်စုံနှင့် ယပ်‌တောင်ငယ်လေးများအား စွဲကိုင်လျက် စည်းချက်ညီစွာ လျှောက်လှမ်းလှည့်လည်နေကြသလို ကချင်အမျိုးသားများကလဲ ရိုးရာဝတ်စုံအားဝတ်ဆင်လျက် ဝတ်စုံနှင့်တွဲဖက်သောဓားအား လက်တွင်ကိုင်ဆောင်ကာ တွဲဖက်ညီညာစွာ လှည့်လည်နေကြသည်မှာ လူရာချီပင်ရှိလောက်ပေသည်။

လူတွဲကြီး၏ အရှေ့ဆုံးတွင်တော့ ရိုးရာနတ်ဆရာဝတ်စုံဆင်ယင်ထားသော အကြီးအကဲများက ဦးဆောင်နေကြသည် ။ အကြီးအကဲများသည် အနီ ၊ အဝါ ၊ အစိမ်းနှင့် အပြာစသော အရောင်တောက်နေသည့် ဝတ်စုံများအားဝတ်ဆင်ထားပြီး ခေါင်းပေါင်းတွင်မူ ဒေါင်းတောင်များအား စိုက်ထိုးထားသည် ။ လက်တွင်လဲ ပူဇော်ပစ္စည်းများအား ကိုင်ဆောင်ထားသေးသည် ။

( ဓားလား ၊ အမွှေးတိုင်တွေလား မကွဲလို့ ပူဇော်ပစ္စည်းလို့ပဲ သုံးလိုက်ပါတယ်(人 •͈ᴗ•͈) )

လှပစွာလှည့်လည်နေသော လူတန်းကြီးသည် အချိန်အတော်ကြာပြီးနောက်မှသာ အခမ်းအနားပြီးဆုံးပေတော့သည် ။ လာရောက်ကြတဲ့ လူပေါင်းများစွာသည် မနောတိုင်ရှေ့၌ အမှတ်တရဓာတ်ပုံများအားရိုက်ယူနေကြသည် ။ ဤသည်ကပင် ကချင်ပြည်နယ်အားရောက်ရှိကြောင်း ပြယုဒ်တခုလိုပင် မဟုတ်ပါလော ။

မနောတိုင်ကြီးများသည် နှစ်ဖက်လှများဖြစ်ကြသော်လဲ လူအများသည် မြင်နေရသော အရှေ့ဘက်တွင်သာ ရိုက်လေ့ရှိကြသောကြောင့် အနောက်ဘက်တွင်မူ လူအတော်ရှင်းပေသည် ။

ဧကတို့သည်လဲ မနောတိုင်အနောက်ဘက်သို့သွားရောက်ကာ အမှတ်တရဓာတ်ပုံများရိုက်ကြသည် ။ ထို့နောက် မနောတိုင်အောက် လှေကားထစ်များတွင်ထိုင်နေကြသည် ။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now