အပိုင်း - ၁၉ ( Uni + Zaw )

78 7 0
                                    

လရောင်အောက်ရှိ အခြေအနေတို့မှာ တည်ငြိမ်အေးမြခဲ့သည် ။

စံအိမ်ပြန်ရောက်ချိန်တွင်တော့ အကုန်လုံးမှာ ပင်ပန်းနေလေပြီ ။

၅ ယောက်လုံး အဝတ်အစားလဲလည်ပြီးနောက်တွင်တော့ ညစာ‌ပင်မစားနိုင်ဘဲ အိပ်ရာပေါ်ခေါင်းချကြပါတော့သည် ။

********************

♪ သာယာတဲ့
တိမ်လွှာတိမ်လိပ်နားရောက်အောင်
တောင်ပြာတွေ အဆင့်ဆင့် မြင့်မားစွာ
ရောက်ချင်ဇော
မျှော်သူရင်မောနွမ်းလှပြီ
အ‌မြင်သာနီး ခရီးဝေးတဲ့တောင် ♪

♪ မှိုင်းညို့ဆိုင်းလို့ရယ်
နှင်းမြူတွေ လွှမ်းခြုံတဲ့ကြား
ချောင်းလေးကလဲ အသာ စီးဆင်းကာ
အတန်းလိုက်အကန့်နဲ့ခြား
ဝန်းရံကာတဲ့မြို့အဝင်
နေညိုချိန် ပန်းချီကားအလှပမာ ♪

အေးမြသောရာသီဥတုသည် လှပသော ကချင်ပြည်နယ်၏နံနက်ခင်းနှင့် လိုက်ဖက်ညီလှပေသည် ။

ယနေ့သည် နောက်ဆုံးခရီး ၊ နောက်ဆုံးအတူရှိချိန်သာ ။
မနက်ဖြန် ဤအချိန်ဆိုလျှင် ချစ်ရသူသည် နံဘေးတွင်အတူမရှိပေးနိုင်တော့ပေ ။
အိမ်ပြန်လမ်းအားစရပေတော့မည် ။

တောင်ကြားမှလမ်းငယ်လေးသည် အကွေ့အကောက်များလှပေသည် ။
တောင်တက်တောင်ဆင်းလမ်းများပေမို့ ကားငယ်လေးသည် အတန်ငယ်ယိမ်းယိုင်နေပေသည် ။ ကားပေါ်တွင်တော့ ယခုအခြေအနေနှင့်လိုက်ဖက်လှသည့် ဘိုဖြူ၏
လင်းခေးအဝင်‌ သီချင်းလေးက လွှမ်းခြုံလျက် လူတိုင်းအား သဘာဝတရား၏အလှကိုမြင်တတ်စေရန် ဖော်ကျူးပေးနေလေသည် ။

ပူတာအိုအားမရောက်မှီ ပူတာအိုနှင့်မြစ်ကြီးနားကြားရှိဆွမ်ပရာဘွမ်မြို့လေးအကျော်တွင် ခေတ္တကားနားကြသည် ။ မနက်စာအဖြစ် စံအိမ်မှစားလာပြီးဖြစ်သည့်အတွက် ဆိုင်များအတွင်းဝင်ထိုင်ခြင်းမရှိကြပေ ။

ဆွမ်ပရာဘွမ်မြို့လေးသည် မြို့ငယ်လေးဖြစ်သကဲ့သို့ အေးချမ်းလှသည် ။ စိမ်းစိုလန်းဆန်းသော ကျေးလက်မြင်ကွင်းသည် မြို့လေးနှင့်ထိစပ်ကာ သက်ဝင်လှုပ်ရှားနေသည်မှာ စာဖွဲ့၍ပင်မရနိုင်ဟုထင်မိသည် ။
တောင်တန်းများအပြိုင်သွယ်တန်းနေသည့်ကြားမှ လှုပ်ရှားသက်ဝင်နေပါသောမြို့ငယ်။
အုံ့မှိုင်းနေသည့် မြူငယ်များကြားမှ မီးရောင်ငယ်များနှင့်အတူ ဆွမ်ပရာဘွမ်သည် သဘာဝတရားနှင့်အပြိုင်လှပနေလေသည်။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now