အပိုင်း - ၆ ( uni )

159 21 12
                                    

ဧကလဲ ချောင်းတချက်ဟန့်လိုက်ပြီး   ပြောပြဖို့လုပ်လိုက်တယ် ။

" အဟမ်း... ကျောက်စိမ်းတွေမှာ ဂျေဒိုက် ကျောက်စိမ်းနဲ့ နက်ဖရိုက်ကျောက်စိမ်းဆိုပြီး ရှိတယ် ။ ဂျေဒိုက် ကျောက်စိမ်းကတော့ တန်ဖိုးပိုမြှင့်တယ် ၊ အရည်အသွေးလဲပိုကောင်းပြီး အဖိုးတန်တဲ့ ကျောက်စိမ်းမျိုးပဲ ။ ဒါပေမယ့် ‌ဂျေဒိုက်ကေျာက်စိမ်းက တကမ္ဘာလုံးမှာ မြန်မာနိုင်ငံတခုတည်းမှာပဲ တွေ့ရှိရတယ်  ။ ပြီးမှာ ဂျေဒိုက်ကျောက်စိမ်းရဲ့ ဈေးကွက်ကြီးတည်ရှိရာမို့လို့ မြန်မာနိုင်ငံက ကျောက်စိမ်းနဲ့ပတ်သက်၇င် အရမ်းဂုဏ်ယူရတယ် ။ ကျောက်စိမ်းမှာတင်ပဲ မဟုတ်ဘူး တခြား နီလာ ၊ ပတ္တမြား ၊ ဥဿဖုရား ၊ မြ ၊ ရွှေလိုမျိုး တခြားအဖိုးတန်ကျောက်မြတ်ရတနာတွေလဲ အများကြီးထွက်တဲ့အပြင် အရည်အသွေးလဲအရမ်းကောင်းတာမို့ မြန်မာ့မြေက အရမ်းတန်ဖိုးရှိတယ် ။ "

ထွေးက ဧကပြောလိူ့ပြီးသွားတဲ့အချိန်မှာတော့ ဧကကိုမေးခွန်းတခုမေးလိူက်တယ် ။

" အဲ့တာကြောင့် ထွေးတို့စံအိမ်ကို ဂျေဒိုက်စံအိမ်လို့ပေးထားတာပေါ့နော် ။ "

ဧက ကခေါင်းငြိမ့်ပြလိုက်တော့ ထွေးငယ်ကလဲ သူ့နေရာမှာသေချာပြန်ထိုင်းရင်း  အနားမှရှိတဲ့မုန့်ထုပ်ကိုဖောက်စားပြန်တယ် ။ ရဂွန်းက ဧကကိုကြည့်လျက်နဲ့

" ထွေးက ဧကအမလို့သာပြောတာနော် ... မသိရင် ဧကညီမလေးကျနေတာပဲ..."

" ဟုတ်တယ် ဟူရဲ့နှစ်‌ယောက်လုံးကမောင်နှမဆိုပေမယ့် သူငယ်ချင်းပေါင်းပေါင်းတာကြောင့်ရော ဖေဖေနဲ့မေမေတို့ရဲ့ ဆုံးမမှုကြောင့်ရော အချင်းချင်းစောင့်ရှောက်တယ် ... ပြီးတော့ ဟူ့ကိုမပြောပြရသေးဘူးထင်တယ် ထွေးက tran လေ..."

ဧကပြောသည်ကိုပြုံးရင်းနားထောင်နေရင်းကနေ tran ဆိုတဲ့နေရာရောက်တော့ ပြူးကျယ်သွားတဲ့မျက်လုံးလေးတွေနဲ့ ထွေးငယ်ကိုလှည့်ကြည့်လာသည်မှာ မထင်မှတ်ထားတဲ့ ကိစ္စတခုအား ရုတ်တရက်ကြားသိလိုက်ရဟန်ပင်.... သို့သော် ထွေးအားသေချာပြန်စိုက်ကြည့်ပြီး အားပေးသယောင်ပြောလာသည် ။

" မိုက်လိုက်တာ... ကျွန်တော်တခုမှ tran တွေနဲ့မဆုံဖူးဘူး ။ ဒီနေရာတွေက နည်းနည်းခေါင်တော့ LGBT တွေကိုသိပ်နားမလည်ကြဘူး ... သူတို့က brain wash ခံထားရသလိုပဲ... မြန်မာကားတွေကြောင့်လိုပဲပြောရမှာပဲ ။ သူတို့သိတာက ယောကျားချင်းကြိုက်တယ်ဆိုတာ အခြောက် ... မိန်းမလျာပဲ ။ မြန်မာကားတွေမှာက လွယ်လွယ်ပြင်ပြီး အခြောက်ဆိုပြီးသုံး မိတ်ကပ်ကိုအထူကြီးတွေလိမ်းပြ နွဲ့လျပြနေကြတော့ ယောက်ျားချင်းကြိုက်တယ်ဆိုရင် အဲ့လိုပဲထင်ကြတော့တာပဲ ... "

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteTahanan ng mga kuwento. Tumuklas ngayon