အပိုင်း ၁၀ ( uni )

124 18 13
                                    

ဧကတို့ရဲ့ ကားလေးဟာ တဖြေးဖြေးမိုးညှင်းခရိုင်ထဲဝင်ရောက်လာပြီဖြစ်သလို လူနေအိမ်ခြေများလဲ ပိုမိုများပြားလာကာ စည်ကားလာချေပြီဖြစ်သည် ။ ချောင်းလေးတခုဘေးက ဖြတ်ကာ တဖြေးဖြေးနှင့် မြို့အတွင်းထဲမှ ဖြတ်ကျော်သွားသော်လဲ ကားလေးမှာ ဆက်လက်ခရီးဆက်နေဆဲပင် ။

ရဂွန်းသည်လဲ ခနနားပြီးနောက် ပြောပြရန်ကျန်သည့် မိုးညှင်းသမိုင်းကို ဆက်ရပြန်ပေသည် ။ ထွေးကလဲ လမ်းဘေးနှစ်ဖက်ကို ကြည့်ရင်းနှင့်ပျော်ရွှင်နေသလို နှောင်းဝေနှင့်ဦးစိုင်းသည်လဲ အေးအေးဆေးဆေးသာ ။

" ကျွန်တော် ပြောဖို့ ကျန်တဲ့ မိုးညှင်းသမိုင်းကိုဆက်ပြောပြမယ်ဗျ.. "

ရဂွန်း၏အသံကြောင့် ထွေးကလဲ သူ့အာရုံကို လမ်းဘေးနှစ်ဖက်မှ ရဂွန်းထံကို့ပြောင်းလဲလိုက်သလို ဧကသည်လဲ အနည်းငယ်ခါးမတ်ကာ သူ့အား ကြည့်လာခဲ့သည် ။

" အဟမ်း ... မိုးညှင်းမြို့က တောင်တန်းထူထပ်တယ် ။ တောင်တန်းတွေကြားကို အကာအကွယ်ယူပြီး မြေပြန့်လေးပေါ်မှာ မြို့ကိုတည်ထားတာ ။ ခုနကချောင်းလေးကို နမ်ယမ့်ချောင်းလို့ခေါ်တယ် ... ။ အဲ့ချောင်းလေးက မြစ်ကြီးနားခရိုင်တောင်ဘက်အစွန်းနားလောက်က ဂန့်ဂေါတောင်တန်းကနေ ချောင်းဖျားခံပြီး အရှေ့မြောက်ဘက်ကို စီးဆင်းလာတယ် ။ ပြီးတာနဲ့ မိုးညှင်းမြို့ကိုဖြတ်ပြီး နှစ်ပိုင်းခြမ်းလိုက်တယ် ...။ မီးရထားလမ်းနဲ့ စပါးစက်တွေက ချောင်းရဲ့ လက်ဝဲဘက်မှာတည်ရှိပြီး ရုံး , ကျောင်းနဲ့ ဆေးရုံ , ဘုရားတွေကတော့ လက်ယာဘက်မှာရှိတယ်ဗျ ။

ချောင်းကိုဖြတ်ဖို့အတွက် သ့တံတား နှစ်စင်းရှိတယ် ။ နောက်ထပ် ကြိုးတံတား နှစ်စင်းလဲရှိသေးတယ် ဒါပေမယ့် ကြိုးတံတားကတော့ ဆိုင်ကယ်တို့ သုံးဘီးတို့လောက်ပဲဖြတ်လို့ရတယ်ဗျ ။

အခုသွားနေတာကတော့ မိုးညှင်းရဲ့ အထင်ကရနေရာဖြစ်တဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံးအင်းကြီးဖြစ်တဲ့ အင်းတော်ကြီးအိုင်နဲ့ တပေါင်းလဆန်းဘုရားပွဲကျင်းပချိန်တိုင်း နတ်လမ်းပေါ်တဲ့ ‌ရွှေမဥ္ဇူဘုရားကိုသွားကြမှာဗျ ။ အင်းတော်ကြီးအိုင်ကို နောက်တမျိုးခေါ်ကြတာတော့ ရမ်ဆာရေတိမ်ဒေသတဲ့  "

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now