အပိုင်း - ၁၇ ( Uni + Zaw )

75 9 0
                                    

သံယောဇဉ်ကြိုးတံတားမှ ထွက်ပြီးနောက် ဦးတည်ရာကာ မြစ်ကြီးနား၏ နာမည်ကျော်ညဈေး ။

စုံလင်သော အစားအသောက်များနှင့် ကချင်ရိုးရာစားစရာများကိုအကြိုက်စားသောက်နိုင်သည်မို့ လူစည်လှသည် ။ ထို့ပြင် အဝတ်အထည် ၊ အခွေများနှင့် အိမ်သုံးပစ္စည်းများ စသည်ဖြင့် စုံလင်လှပေသည် ။

ညဈေးသည် မြို့ကြီးများကဲ့သို့ မကြီးမားသော်လဲ သူနေရာနှင့်သူစည်ကားလှသည် ။
အလယ်တွင် ယာဉ်များသွားရန်လမ်းအား ဖယ်ထားကာ ဈေးသည်များက လမ်းဘေးနှစ်ဖက်တွင်သာ ကပ်လျက်ရောင်းကြသည် ။ တိုးဝှေ့နေခြင်း ၊ လူဖိနေခြင်းများမရှိသဖြင့် မြစ်ကြီးနားညဈေးသည် မြို့ကြီးများကဲ့သို့ ပိတ်ညပ်မနေဘဲ သေသပ်ကာသန့်ရှင်းပေသည် ။

ညဈေးအားပတ်ကာကြည့်မိပြန်တော့ အဝတ်အထည်ရောင်းဝယ်နေသော ဈေးသည်တို့၏ စကားသံ ၊ ဈေးရောင်းဈေးဝယ်ပြုနေကြသော ဒေသခံနှင့်ဧည့်သည်များ၏ အသံမှအပ ငြိမ်သက်လှသည် ။

မီးစက်သံ တဂျက်ဂျက်နှင့် မြစ်ကြီးနားညဈေးသည် မဟူရာညအမှောင်၏အအေးဓာတ်အား အံတုကာ အမှောင်ယံအား ဂရုမထားလျက် လင်းလက်ကာစည်ကားနေကြပေသည် ။

ညဈေးတွင်နာမည်အကြီးဆုံးမှာက
ကြက်ဥကစော်ပင် ။ ကြက်ဥက‌ဇော်ဟုသောဆိုင်းဘုတ်အပြာနှင့် ဆိုင်လေးသည် လူစည်ကားလှသည် ။
သာမာန်အရသာနဲ့မတူပဲ ထူးကဲလှသည်မို့ လူကြိုက်များလှပေသည် ။
လူများစွာ တိုးဝှေ့စီကာဝယ်ယူကြရသည်။ ထို့အတူ ဆိုင်ပိုင်ရှင်သည်လဲ လက်မလည်ပါချေ ။

ဦးစိုင်းတယောက်လူကြားထဲတိူးပြီး ၁၀ မိနစ်ခန့်ကြာပြီးနောက်မှာတော့ လက်ထဲမှာပါလာတဲ့ ခွက်လေးတွေကို ဧကတို့‌ခွဲဝေယူလိုက်ကြသည် ။ ပုံမှန်ဆိုလျှင် ကြွတ်ကြွတ်အိတ်နှင့်သာထည့်ပေးသော်လဲ ဦးစိုင်းကမူ အနီးရှိစတိုးဆိုင်မှ ကော်ခွက်လေးများအား သွားဝယ်ကာ ထည့်စေသည် ။

လက်ထဲတွင်ပါ‌လာသော ကြက်ဥကစော်၏အနံ့သည် သင်းလှပေသည် ။ ချဉ်စူးစူးဖြစ်နေသဖြင့် လှော်စာ ( အရက်သေစာ ) ပါသည်ဟုထင်ရနိုင်သော်လဲ ကစော်သည် လှော်စာလုံးဝမပါဝင်ပါချေ ။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteOnde histórias criam vida. Descubra agora