အပိုင်း - ၁၄ ( Uni + Zaw )

119 9 0
                                    

နောက်တနေ့မိုးလင်းချိန်မှာတော့ ဧက တို့စောစောထကာ မနောပွဲကိုဆင်နွှဲရန် ပြင်ကြတော့သည် ။

မနောပွဲက မနက်ပိုင်းကျင်းပမည့်ပွဲမို့ မ‌နက်ပိုင်းအား မနောပွဲတွင်လေ့လာကြပြီးနောက်မှ မြို့တွင်းမြို့ပြင်နေရာများအား လည်ပတ်မည်ဖြစ်သည် ။

ဧက ၏စံအိမ်မှထွက်ကာ မြစ်ကြီးနားမြို့ထဲကိုဝင်ရောက်ခဲ့ကြသည် ။ စီတာပူမနောကွင်းသည် မြစ်ကြီးနားမြို့လည် စီတာပူရပ်ကွက်တွင်တည်ရှိသည် ။

ကွင်းထဲဝင်ဝင်ချင်းမှာပဲ ခမ်းနားသောစင်ဝင်အားမြင်ရပေသည် ။ ဆင်စွယ်သဏ္ဍန်အား ဘေးတွင်ခြံရံကာ ၎င်း၏ဘေး၌ မနောတိုင်တဝက်အားစိုက်ထူထားသေးသည် ။ ဆင်စွယ်၏အောက်တွင် ကချင်ပြည်နယ်အလံနှင့် အမှတ်အသားများအားပုံဖော်ထားသည် ။ စင်ဝင်၏အလည်တွင် မောင်းပုံစံအဝိုင်းအားပုံဖော်ထားကာ Kachin National MaNaw Park ဟုရေးထိုးထားသည် ။

ဧရာဝတီမြစ်နှင့်ကပ်လျက်ဖြစ်သဖြင့် ကျယ်ပြန့်လှသောကွင်းပြင်ကြီးသည် လေတဖြူးဖြူးနှင့် သာယာလှပေသည် ။

ကျယ်ပြန့်လှသော ကွင်းပြင်ကြီးသည် လူအများနှင့်ပြည့်ကြပ်လျက်ရှိသည် ။ ကျယ်လောင်‌သော ကချင်ရိုးရာတေးသီချင်းများကိုဖွင့်ကာ ကချင်ရိုးရာဝတ်စုံအဝတ်အစားများနှင့် ကပြဖျော်ဖြေကြရန် အသင့်ဖြစ်နေကြပေပြီ ။

ရဂွန်းက ဧကတို့အား မြင်ကွင်းကောင်း၍လူရှင်းသောနေရာထံ ဆွဲခေါ်သွားသည် ။

" ကဲ ဒါကတော့ ကချင်ပြည်နယ်ရဲ့နာမည်အကြီးဆုံး စီတာပူမနောကွင်းနဲ့ မနောတိုင်တွေပေါ့ ။ မနောပွဲအကြောင်းမပြောပြခင် မနောတိုင်တွေအကြောင်းကိုအရင်ပြောပြမယ်ဗျ ။

မနောတိုင်မှာ အထီးတိုင်နဲ့အမတိုင်ဆိုပြီးရှိတယ် ။ အထီးတိုင်ကို ဒုံလာ ၊ အမတိုင်ကို ဒုံယီ လို့ခေါ်တယ် ။ မနောတိုင်ရဲ့ထိပ်ဖျားက လခြမ်းပုံချိုင့်နေရင် အမတိုင် ၊ ခုံးနေရင်အထီးတိုင်လို့ သတ်မှတ်ထားကြတယ် ။

အထီးတိုင်နဲ့အမတိုင်မှာရှိတဲ့ အကွက်တွေဟာ ကကွက်တွေနဲ့ ဆက်စပ်နေကြပြီး  အဲ့တိုင်နှစ်တိုင်ကို တခြားတိုင်တွေဝန်းရံထားတာက စည်းလုံးခြင်းဆိုတဲ့အဓိပ္ပာယ်ကိုဖော်ညွှန်းတယ် ။ ကြက်ခြေခတ်ပုံတိုင်နှစ်တိုင်ကတော့ ခိုင်မြဲခြင်းကို ဖော်ညွှန်းတယ်ဗျ ။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteDove le storie prendono vita. Scoprilo ora