Part 3

17.7K 2.3K 143
                                    

"လူစိမ်းတွေက ဘယ်သူတွေလဲ။
လူကောင်းတွေရော ဟုတ်ရဲ့လား ငနီရဲ့။"

"အဲ့တာတော့ ငါလည်းဘယ်သိမလဲ။
ဒီတိုင်းသတိမေ့နေလို့ သယ်လာတာ။"

ရွာလမ်းထဲ စကားရပ်ပြောနေရတာကို စိတ်မရှည်သော ရောင်နီမှာ ပိုးဥ တို့ မေးသမျှကို ဘုကလန့်သာဖြေသည်။ ပိုးဥ ဆိုသော မိန်းကလေးမှာ ရောင်နီနှင့် ငယ်စဥ်က ကစားဖော်၊ကစားဖက် တစ်ဦးဖြစ်သည်။
အညာသူမို့လို့ အသားအရေမှာ အနည်းငယ်ညိုသည်။ မည်းနက်နေသော ဆံနွယ်များကို နှစ်ဖက်ခွဲစည်း၍သော်လည်းကောင်း၊ထုံး၍သော်လည်းကောင်း အလှဆင်တက်သည်။ ပိုးဥ ၏ အလှတရားကို ကာလသားတိုင်း ကြွေဆင်းသွားကြသော်လည်း ထိုလူများအထဲတွင် ရောင်နီ မပါဝင်ခဲ့ပါ။

"နင်ကလည်း အမြဲစိတ်မရှည်ဖြစ်နေတာပဲ။"

"မရှည်နိုင်ဘူးဟာ။
ဖဲဝိုင်းပျက်သွားလို့ စိတ်ညစ်ပါတယ်ဆို။"

အရပ် ခြောက်ပေ နှစ်လက်မ ရှိသော ရောင်နီ့အတွက်ဆိုလျှင် ရွာကမိန်းကလေးတွေသည် ရင်ညွှန့်လောက်သာရှိသည်။ ဒါတောင် အရပ်ရှည်သည့် မိန်းကလေးမှသာ။

"သွား...သွား။
အဲ့ဖဲနဲ့သာ ပေးစားလိုက်တော့။"

"ငရှုပ်မ။"

ရွာလမ်းထဲဝယ် ရောင်နီနဲ့ ပိုးဥ ငြင်းခုန်ပြီးနောက် ရောင်နီက အိမ်ကိုပြန်ကာ ရေချိုးသည်။ ပိုးဥ က ဘုန်းကြီးကျောင်းသွားပြီး အခြေအနေကို သွားစပ်စုနေတော့သည်။
ကိုင်းရွာလေး၏ ပါးစပ်သတင်းစကားတွင် လူစိမ်းနှစ်ယောက်ရဲ့ အကြောင်းက မပါမဖြစ် ဖြစ်နေတော့မည်။

"အခြေအနေဘာထူးလဲ ငနီ။"

"ဘာမှတော့ထူးထူးခြားခြားမရှိပါဘူး ဘကြီးမိုးရယ်။"

"ကျူပ်နဲ့ ကိုခွေး အချိန်မှီ သယ်ပေးလိုက်ပါတယ်။"

"ကောင်းတယ်ကွယ်။
လိုအပ်တာကိုတော့ မင့်အဖေ မောင်တိုး စီစဥ်မှာပေါ့။"

အိမ်ပြန်ရောက်လာသော ရောင်နီ့အား ဘကြီးမိုးမှ သတင်းစကားမေးနေသည်။ ဘကြီးမိုးဟူသည်က ရွာသူဌေးကြီး ဘတိုး၏ အစ်ကိုအရင်းဖြစ်သည်။ မောင်မိုး၊မောင်တိုးနှင့် မောင်စိုးဟူသော ညီအစ်ကိုသုံးယောက်ရှိရာမှ ညီအငယ်ဆုံးဖြစ်သူ မောင်စိုးကတော့ အသက် ၃၀လောက်တွင် ပိုးထိ၍ ဘဝတစ်ပါးကူးပြောင်းသွားခဲ့ပြီဖြစ်သည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now