Part 27

10.2K 1.3K 128
                                    

"မြို့သားလေး မပြန်ချင်ရင် အရီးတို့ကနှင်မလွှတ်ပါဘူးတော်။"

"ရွာမှာ ဟိုကောင်ငနီ့ကိုနိုင်တဲ့လူက ခပ်ရှားရှား။"

"အမြဲမူးရူးနေတဲ့ ဖဲသမားက မြို့သားလေးစကားကိုတော့ နားထောင်တယ်လေ။
ကျုပ်တို့ကအတွက် အားကိုးရတာပေါ့တော်။"

"အာ...အဲ့လိုလား။"

မျက်ပေါက်လေးပိတ်သွားမတက်ပြုံးပြကာ ခေါင်းကုတ်နေပြန်သောအရုဏ်။
သူကြီးကတော်ကို ဘယ်လိုပြောပြရမှန်းမသိသလို ပြောပြဖို့လည်းစိတ်ကူးမရှိပါ။
လူကြီးသူမတွေက ဒီလိုကိစ္စတွေနားလည်နိုင်ဖို့ ခက်ခဲလှသည်။ အထူးသဖြင့် ယခုလိုတောရွာများတွင် ပွင့်ပွင့်လင်းလင်းမရှိတက်ကြ။

"အရီး ပြန်ဦးမယ်။
နေ့လည်စာဟင်းချက်ရဦးမှာမို့။"

"ဟုတ်ကဲ့ပါ သူကြီးကတော်။"

"ပြန်ပြီနော့်။"

အရုဏ့်ရဲ့ ဘဝဟာလေးဟာ ကိုင်းရွာရောက်မှ ဒုက္ခတွင်းလည်းမဟုတ်သလို နိဗ္ဗာန်လည်းမရောက်ခဲ့ပါ။ ဘာကြောင့်လဲဆိုတော့ ဒုက္ခတွင်းထဲက နေရောင်ခြည်လေးရှိနေသေးသည်။ ရောင်နီဟာ အရုဏ့်အတွက်ဆိုလျှင် မီးသွေးတွင်းထဲက စိန်တုံးကဲ့သို့ လူမျိုး။
ဘဝမှာ ရှားရှားပါးပါး အသက်အန္တရာယ်ကြားက ကြုံရသည့် ဖူးစာ။

"အရုဏ်!"

"ရောက်ပြီလား။"

ခပ်တည်တည်မျက်နှာထားနှင့် လက်ပိုက်၍ မှုန်ကုတ်နေပုံအထောက် ရောင်နီ့ကို အရုဏ်စိတ်ဆိုးနေလေပြီ။ မနေ့က သောက်တာများပြီး တညလုံးမထနိုင်ပဲ မနက်စောစော ဘတိုးရိုက်နှိုးမှသာ အိပ်ခြင်းမူးတူးထလာသော ရောင်နီ။ မနေ့က ဘာတွေမွှေခဲ့မှန်းမမှတ်မိတော့ပေမဲ့ အရုဏ်ကိုစိတ်ဆိုးနေမှာသိလို့ ဘုန်းကြီးကျောင်းသာ တန်းဝင်လာခဲ့တော့သည်။

"ဟဲဟဲ"

"ခင်ဗျားကလေ..ဒီနေ့အဖြေပေးတယ်။
နောက်နေ့ကျတော့ မူးရူးအောင်သောက်ပြီး ထိုင်ပါကန်တော့သွားသေး။"

"ကျုပ်...ကျုပ်ထိုင်ကန်တော့သွားတာလား။"

မျက်လုံးပြူး၊မျက်စံပြူးဖြင့် ချွေးစေးများပျံလာတော့သည်။ မူးလာရင် ဘာတွေလုပ်မိမှန်းမသိတဲ့ အကျင့်က တကယ့်ကိုဆိုးဆိုးရွားရွား။ နောက်နေ့ကျ ဘာမှမမှတ်မိတော့လို့ အဘ လိုက်ရှင်းရတဲ့ အကြိမ်ပေါင်းလည်းမနည်းတော့ပေ။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now