Part 20

11.7K 1.6K 161
                                    

"ဦးတိုးနဲ့ အစ်ကိုရောင်နီက အမြဲအဲ့လိုပဲလား။"

"ဘာကိုမေးတာလဲ။"

"အမြဲရန်ပဲဖြစ်နေတာလားလို့။"

အရုဏ်နှင့်ရောင်နီ အင်္ကျီအတူတူလဲရင် စကားပြောနေကြသည်။ အရုဏ်ထိုစကားမေးတော့ ရောင်နီ ရယ်နေ၏။ အဘနဲ့က အမြဲရန်ဖြစ်လိုက်၊ပြဿနာရှာလိုက်နှင့် အချိန်ကုန်နေရသည်ကို တစ်ရွာလုံးသိထားကြသည်။ အရုဏ့်အတွက်တော့ သည်ကနေ့ ကြိမ်လုံးနဲ့လိုက်ရိုက်တာက သေချာပေါက်ထူးဆန်းနေလိမ့်မည်။

"ကျုပ်နဲ့အဘက ဒီလိုပါပဲ။
အမြဲရန်ဖြစ်နေကြတာ။
အဘက ကျုပ်ကိုမချစ်တာလည်းမဟုတ်ဘူး။"

"သြော်...ကျွန်တော်နားလည်ပြီ။
အစ်ကိုရောင်နီက ဖတဆိုးသားဖြစ်နေတာပဲ။"

"ညနေစောင်းနေပြီ ထမင်းစားပြီးစောစောအိပ်ရအောင်။"

မိုးရာသီ၏ လေပြေညှင်းဟာ စိမ့်နေအောင်အေးပါ၏။ ဝဿန်ကာလ၏ မိုးစက်များဟာ တစက်တစက်ဖြင့် လှိုင်လှိုင်သည်းလာပါ၏။
လယ်ကွင်းသို့မျှော်ကြည့်ပါက မျက်စိတဆုံး စပါးပင်များကြောင့် မွေးရပ်ဇာတိကို အသည်းခိုက်ရပါဦးမည်။

"အိမ်ကိုလွမ်းလို့လား။"

"အင်း။"

ဘုန်းကြီးကျောင်းခြေရင်းလေးမှာ နှစ်ယောက်အတူထိုင်၍ မြေသင်းရနံ့ကိုရှူရှိုက်နေကြသည်။ နုနုသွယ်သွယ်လက်ဖဝါးလေးများကိုရှေ့ထုတ်လိုက်သည့်အခါ ရောင်နီက လှမ်းကြည့်သည်။ မိုးရေတစ်စက်ချင်းဆီရဲ့ အေးချမ်းမှုကို ထိုကောင်လေးအပြုံးကိုကြည့်ရင်းဖြင့် ခံစားနိုင်ပါ၏။

"မိုးရာသီက လွမ်းစရာကြီးနော်။"

ကောင်းကင်ကိုမော့ကြည့်ကာ ရင်ထဲပေါ်လာသည့်စကားအား ရွတ်ဆိုလိုက်ခြင်း။
ရောင်နီသည် မည်သို့ပင်ဆိုစေကာမူ ရင်ဖွင့်ခြင်းမရှိခဲ့ပါ။

"အစ်ကိုရောင်နီက လွမ်းရမဲ့လူရှိလို့လား။"

"ကျုပ်ကလွမ်းဖို့နေနေသာသာ ချစ်ဖူးတဲ့လူတောင်မရှိပါဘူး။"

ဆွေးမြည့်နေသော မျက်ဝန်းအား နက်မှောင်နေသော မျက်ဝန်းငယ်လေးက ငဲ့ကြည့်သည်။ နှစ်ယောက်လုံး၏ ရင်ထဲ၌ တွင် ဗလာကျင်းနေပါ၏။ အရုဏ်က အိမ်ကိုလွမ်းသည်။ ရောင်နီက အိမ်ကိုလွမ်းနေသော ထိုကောင်လေးအား အလွန်ပင် ပွေ့ဖက်ထားချင်ပြန်သည်။လူသားတိုင်း၏ အလိုရမက်ကား မပြည့်ဝနိုင်ပါတကား။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now