Part 8

13.3K 1.8K 151
                                    

"ဘာလဲ မင်းကငါပြောတာ မယုံဘူးလား။"

ရောင်နီ့ဆီမှ ထန်းရည်အိုးယူကာ တစ်ခွက်မော့ချလိုက်သည်။ ချက်ချင်းငုတ်တုတ်ထထိုင်နေသော ရောင်နီမှာတော့ ကျော်မိုးပြောသမျှကိုထိုင်စဥ်းစားနေဆဲ။

"ဖြောက်~ဖြောက်~"

ဓနိအမိုးပေါ်သို့ တဖြောက်ဖြောက်ကျလာသံကြောင့် မိုးရွာနေမှန်းသိလိုက်ရသည်။
ထုံးစံအတိုင်း ထန်းတောတောက်လျှောက်မိုးလေကျသံဟာ မကောင်းဆိုးဝါး ညည်းသံနှင့်တူနေသည်။ အညာဒေသ၏ မိုးဟာ ခန့်မှန်းလို့မရနိုင်ခဲ့ချေ။ လူတစ်ယောက်၏ စိတ်ကဲ့သို့သော အမျိုးမျိုးပြောင်းလဲနိုင်ခဲ့သည်။

"မိုးရွာလာပြီ။"

"ငါအဝသောက်ပြီးမှပြန်မှာနော်။
မင်းဟာမင်း ထန်းရည်ဆိုင် ပိတ်ချင်ပိတ် မပိတ်ချင်နေ။"

"အေးပါဟ။
ငါဘယ်တုန်းက မင်းကိုနှင်ထုတ်ဖူးလို့လဲ။"

မိုးတဖွဲဖွဲနှင့် ရစ်မူးလာသော ခံစားချက်ကား မူးလေ မူးလေ အငတ်မပြေ။
ရောင်နီနှစ်ရက်စာလောက် လျော့သောက်ထားသည်မို့ ယခုအခါ ပြန်သောက်သည့်အခါ သောက်လို့မဝနိုင်ဖြစ်နေသည်။
ထန်းရည်ဆိုသည်က သောက်လေ၊စွဲလမ်းလေ ဖြစ်သည့် အရည်မျိုး။

"အေ့~"

နေ့လည်ခင်းမှစသည့် ထန်းရည်အိုးများဟာ ရောင်နီ့ဘေးနား ပတ်ချာလည် ဝိုင်းနေတော့သည်။ အတော်လေးလည်း ရေချိန်ကိုက်နေသလို လူလည်း မြေကြီးပေါ်လဲမတက်ဖြစ်နေသည်။ ကျော်မိုးက လိုသမျှလုပ်ပေးရင်းနှင့် လိုက်ထိန်းနေရသည်။ ရောင်နီက မူးရင် သွေးသိပ်မဆိုးတက်သော်ငြား အစအနောက်သန်သည့် ဗီဇက နှစ်ဆဆိုးရွားတက်သွားတာကြောင့်ပင်။

"ဟေ့ကောင်...တော်တော့။
မင်းအဘ ကြိမ်လုံးစာမိတော့မယ်။"

"ဘာလဲ။
ငါဘဦးဇင်းကလွဲပြီး ဘယ်သူမှမကြောက်ဘူး။"

"အေး မိုးရွာနေတယ်နော်။
မိုးကြိုးတော့အပစ်ခံရတော့မယ်။"

"အဟွတ်~အဟွတ်"

မှေးစင်းနေသော မျက်လုံးများဖြင့် ကျော်မိုးကို မော့ကြည့်ပြီး ထန်းရည်တစ်အိုးယူကာ မော့သောက်နေပြန်သည်။ မိုးကသည်း၊ထန်းရည်လေးက ရီဝေဝေနှင့် ဘယ်လောက်တောင် နှပ်လို့ကောင်းသည့် ခံစားချက်လဲ။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now