Part 12

12.7K 1.7K 117
                                    

"လက်တွေနီရဲလာပြီ။"

"ရ...ရတယ်။"

အရုဏ့်ဆီမှ စကားလမ်းကြောင်းလွှဲဖို့ရာ ထင်းခုတ်နေသော လက်ဖြူဖြူများပေါ်သို့ အကြည့်ရောက်သွားသည်။ အလုပ်ကြမ်းမလုပ်ဖူးသူ ပီပီ သွေးခြေဥကာ နီရဲနေတော့သည်။ ရောင်နီက အဘအလုပ်တွေကူလုပ်ပေးနေကျမို့ ယခုလို အလုပ်များနှင့် ကျင့်သားရနေပြီဖြစ်သည်။

"ကျုပ်လုပ်ပေးပါ့မယ်ဗျာ။"

"ရပါတယ်ဆို။"

အရုဏ့်ထံမှ ပုဆိန်ကိုယူရန် လက်လှမ်းလိုက်သည့်အခါ ခပ်နွေးနွေးခံစားချက်ကို ထိတွေ့လိုက်ရသည်။ နူးညံ့နေသော လက်ဖမိုးလေးကြောင့် ရောင်နီ ခတ္တခဏ ရပ်တန့်သွားသယောင်။ 'ငှက်မွှေးလေး'ဟူသော နာမ်စားနှင့် အညီ ထိုကောင်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးက နူးညံ့နေပါရောလား။

"ဖယ်..ဖယ်။"

သတိဝင်သွားသော အရုဏ်မှာ ရောင်နီ့လက်ကိုချက်ချင်းဖယ်ထုတ်နေတော့သည်။
တကိုယ်လုံးပူထုနေသော ခံစားချက်က ရာသီဥတုကြောင့်တော့ မဖြစ်နိုင်။
မဲနက်နေသော မျက်ဝန်းလေးမှာ ကျီးကန်းတောင်းမှောက်သလို ဖြစ်နေသည်။
လက်ကိုချက်ချင်းပြန်ယုတ်ကာ ပွတ်သပ်၍ ဟိုဘက်လှည့်သွားသည်။

"ဘာဖြစ်လို့လဲ။"

"ဘာမှမဖြစ်ပါဘူး။"

"ဒီထင်းတွေကျုပ်ခွဲလိုက်မယ်။
ခင်ဗျား မန်ကျည်းပင်အောက်မှာ ထိုင်ကြည့်နေ။"

"အင်း"

ရောင်နီ့ကိုထားခဲ့ပြီး မန်ကျည်းပင်အောက်သွားထိုင်ကာ ပန်းနုရောင်ကျောပြင်ကျယ်ကိုငေးကြည့်မိပြန်သည်။ လေတိုက်တိုင်း ပျံ့လွင့်လာသော ရွာဦးစေတီက ဆည်းလည်းသံဟာ ခပ်သဲ့သဲ့။ ထနောင်းပင်အချို့မှ သစ်ရွက်ကြွေကျသံဟာ စိတ်နှလုံးအေးချမ်းစဖွယ်။ အားနဲ့မာန်နဲ့ လွှဲခုတ်နေသော ရောင်နီ့ကို အနောက်ဘက်မှ ပြုံးကြည့်နေမိသည်။
ကိုင်းရွာရဲ့ ဖဲသမားက အခုရက်ပိုင်းတော့ ဘုရား၊တရားလိုက်စားနေသည်တဲ့။
ဒူးခေါင်းပေါ် မေးထောက်၍ ငေးနေပြီးမှ ရောင်နီလှည့်ကြည့်လိုက်တာကြောင့် အကြည့်တွေတခြားသို့ လျင်မြန်စွာပို့လိုက်ရသည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now