Part 34

10.4K 1.3K 58
                                    

"သူများခြံထဲ စော်စော်ကားကားဝင်လာတာ ပိုင်နက်ကျုးလွန်မှုမြောက်တယ်နော်။"

"ဒါသူများခြံမဟုတ်ဘူး..ငါ့ခြံ။"

အရုဏ်မသေမှန်းသိသွားကြသည့် အစောင့်များဟာ အိမ်ထဲအကုန်ဝင်ပြေးကြတော့သည်။ အရုဏ့်ကိုထိခိုက်အောင်လုပ်ဖို့မတွေးရဲကြ။ အဘယ်ကြောင့်ဆိုသော် သူတို့ထပ်နှစ်ဆအရွယ်ကြီးသည့် ရောင်နီကအနောက်မှာရပ်နေတာကြောင့်ပင်။
ပြင်းထန်လာသော အခြေအနေကြား ဦးဇော်ရဲ့နောက်လိုက်များက ခြံဝန်းတစ်ခုလုံးဝိုင်းထားပြီး အရုဏ့်ဘက်တွင် ရောင်နီတစ်ယောက်သာရှိနေသည်။

"သြော်...မင်းကအားကိုးရှာပြီး ငါ့ဆီပြန်လာတာပဲ။"

"ဘာအားကိုးမှမရှာဘူး။
ခင်ဗျား ခင်းနေတဲ့ခွေးဇာတ်ကို ပြန်လာရှင်းချင်လို့။"

"ငါကခွေးဇာတ်ခင်းတယ် ဟုတ်လား..ဟား..ဟား။"

"မင်းတို့တစ်မိသားစုလုံးကို အလုပ်အကျွေးပြုလာတာမှ မထောက် ဒီစကားထွက်ရဲတယ်နော်။"

"ခင်ဗျားလုပ်ခဲ့တဲ့အရာတွေက ခင်ဗျားရဲ့လုပ်ရပ်တွေနဲ့တင် ချေပြီးသားဖြစ်နေပြီ။"

"အဟား...ငါ့အခုလုပ်ရပ်တွေက ပါမွှားလေးပဲရှိသေးတယ်။ မင်းရဲ့အမွေတင်မကဘူး၊မင်းအဖေနဲ့အမေရဲ့ ပိုင်ဆိုင်မှုတွေကိုပါ သိမ်းဦးမှာ။"

"မင်းလို ငနူငအကောင်က ဒီတောသားကိုပဲသံယောဇဥ်ထားတာ မဆန်းပါဘူး..ထွီ~"

ဒေါသထွက်လွန်းလို့ တုန်ယင်လာသော ရောင်နီ့လက်ကို အရုဏ်က တိတ်တခိုးဆုပ်ကိုင်ထားသည်။ ရောင်နီက စိတ်တိုနေသလောက် အရုဏ်က မျက်တောင်တချက်မခက်။ ဦးဇော်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောနေတာကြောင့် တဖက်က အနာပေါ်တုတ်ကျသလို နာနေသည်။

"ကျုပ်ဘာသာကျုပ်တောသားဖြစ်ရင်ဖြစ်မယ်။ ခင်ဗျားလိုတော့ မယုတ်မာဘူး ခွေးကောင်ရဲ့။"

"အံမယ်...လေကျယ်နေပါ့လား။
ငါ့ဆီလက်သီးရောက်နိုင်မလား ကြည့်ကြတာပေါ့။"

နေပူရှိန်နှင့်အတူ ရောင်နီ့ခန္ဓာကိုယ်မှသွေများဟာ ပွက်ပွက်ဆူမည့်အသွင်။ အရုဏ်ကတော့ အေးချမ်းလှသည့်လမင်းတစ်စင်းကဲ့သို့ မတ်တပ်ရပ်နေ၏။ အကုန်အကွက်ချထားပြီးသားမို့ အာကာ့ဆီမှာ သက်သေအလုံအလောက်ရထားလောက်ပြီဖြစ်သည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now