Part 10

13.2K 1.8K 129
                                    

"ကျွန်တော်ဘယ်လိုလုပ်ရမလဲ။"

"စိတ်ကိုလျော့ထားပါ မောင်ရင်ရယ်။

"အဖေနဲ့အမေကို ထပ်မတွေ့ရတော့ဘူးလား။"

တင်ပျဥ်ခွေထိုင်လျက်ဖြင့် ခေါင်းငိုက်စိုက်ကျနေသော အရုဏ်။ မျက်ရည်များက တစက်၊တစက်ဖြင့် ပုဆိုးမှာအကွက်လိုက်ဖြစ်နေသည်။ ဆွေမျိုးမရှိ၊အသိမရှိသော ဤကိုင်းရွာ၌ တစ်ယောက်တည်းရှင်သန်ရတော့မည်။ တွေးကြည့်လေ ကြောက်ရွံ့လေဖြစ်လာတာကြောင့် ပန်းနုရောင်နှုတ်ခမ်းလေးများ တဆက်ဆက်တုန်ခါနေ၏။

"မောင်ရင့်အတွက် အရီး စီစဥ်ပေးပါ့မယ်။"

"ကျွန်တော့်မှာ မှီခိုစရာမရှိဘူး အရီးရဲ့။"

"မငိုပါနဲ့ တိတ်ပါကွယ်။"

"ရွှတ်~"

မျက်ရည်နှင့် နှာရည်များအား ပုဆိုးခါးပုံစဖြင့် သုတ်လိုက်ပြီး​နောက် သူကြီးကတော်အားမော့ကြည့်သည်။ နီရဲနေသော နှာခေါင်းလေးနှင့် ပါးနုနုလေးဟာ လက်ဖြင့်ဖျင့်ညှစ်ချင်စရာ။

"အရီးနဲ့အတူတူ သူကြီးအိမ်ကိုလိုက်ခဲ့ ဟုတ်ပြီလား။"

"သူကြီး ဘာစီစဥ်ပေးမလဲ အရီးလည်းမသိဘူးကွယ်။"

"ဟုတ်...ဟုတ်ကဲ့။
ထပ်ပြီးကျေးဇူးတင်ပါရစေ။"

အရုဏ်က လက်အုက်ချီပြီး ခဏ ခဏ ကန်တော့နေတာကြောင့် သူကြီးကတော်က ပြန်အားနာနေရသည်။ ဤကဲ့သို့ လိမ္မာယဥ်ကျေးသော ကောင်လေးကျမှ လူယုတ်မာနှင့် တွေ့ခဲ့ရသည်။ ဘဝကြီးနှယ် မရိုးရှင်းလှပါတကား။

"လာ..လာ အရီးနဲ့လိုက်ခဲ့။"

"ဟုတ်။"

နောက်ဆုံးတော့ အရုဏ်တစ်ယောက် သူကြီးအိမ်ရောက်သွားတော့သည်။
သူကြီးအိမ်ခြံဝန်းထဲ၌ သီးပင်၊စားပင် အစုံရှိတာကြောင့် အရုဏ်ငေးမောလို့မဆုံး။
မြို့နှင့်မတူ သန့်ရှင်းနေသော မြေပြင်နှင့် စိမ်းလန်းနေသော ပတ်ဝန်းကျင်ဟာ ဝမ်းနည်းမှုကို တစ်ဝက်လောက်လျော့ကျသွားစေသည်။ ခြံထောင့်၌ စိုက်ပျိုးထားသော သရက်ပင်နှင့် ပိတောက်ပင်ကြီးမှာ အိမ်အမိုးတစ်ခုလုံးကို အရိပ်ရစေသည်။ ပန်းပင်များဆိုသည်မှာလည်း အလေ့အကျပန်းအစုံရှိတာကြောင့် အရောင်စုံပွင့်ဖူးနေကြသည်။

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now