Part 31

9.7K 1.3K 102
                                    

တရွေ့ရွေ့ပြောင်းလဲနေသော အချိန်စက်ဝန်းနှင့် အညီ လူသားတိုင်းဟာ ပြောင်းလဲနိုင်သည်။ ကြေကွဲဖွယ် အမှတ်တရ၌ နစ်မြုပ်နေရုံနှင့် ဘာမှမပြီး။ မိုးကုန်လို့ ဆောင်းဦးစချေပြီ။ ဖိုးဝလေးအဖေရဲ့ အသုဘဟာ ရပ်ရွာအကူအညီဖြင့် စည်စည်ကားကား ပြီးစီးခဲ့ရှာ။ အခမ်းအနားအားလုံးပြီးစီးသွားခဲ့သော်ငြား ဂုဏ်ဒြပ်မရှိသည့် တဲအိမ်လေးတွင် ပျော်ရွှင်မှုများပျောက်ဆုံးခဲ့သည်။

"ဘာတွေတွေးနေတာလဲ သား။"

"ဘာမှမတွေးပါဘူး။
အစ်ကိုမြို့ပြန်သွားရင် သားတစ်ယောက်ထဲကျန်ခဲ့တော့မှာ။"

"ခေါ်သွားမှာပေါ့ကွ။"

"တကယ်လား။"

"တကယ်ပေါ့။"

ရောင်နီက အရုဏ်ပြန်ဖို့အတွက် လှေလိုက်ရှာနေရသည်။ ဘတိုးလှေတွေအကုန်ရောင်းစားလိုက်တာမို့ ပြန်ဆောက်ရင် အချိန်ကကြာဦးမည်။ အဲ့တာကြောင့် တခြားရွာကပဲ လှေလိုက်ငှားဖို့ စိတ်ကူးထားရသည်။ ယခုဆိုလျှင် ကိုင်းရွာမှာ လှေသမားများ ပြန်လည်လုပ်ကိုင်နေကြပြီ။ ညနေဘက်ဆို ငါးတွေဟာ လှိုင်လှိုင်ပေါ။ ဆောင်းဦးရာသီ၏ အအေးဓာတ်ကြောင့် မနက်စောစော မြူတွေဆိုင်းနေတာ သိပ်လှတဲ့ ပုံရိပ်တစ်ခု။

"မြို့ရောက်ရင် ဖိုးဝစားချင်တာတွေဝယ်ကျွေးမယ်။ လိုချင်တာတွေအကုန်လုပ်ပေးမယ်။ ဖိုးဝရောဂါကိုလည်း ကုပေးဦးမှာ။
ပြီးမှ ရွာပြန်ကြမယ်လေနော်။"

ပုဆိုးအသစ်နှင့် ကော်လံကတုံးအင်္ကျီအဖြူရောင်ဝတ်ထားသော အရုဏ်တစ်ယောက် ခါတိုင်းနေ့တွေထပ်ပိုမို သန့်ပြန့်နေသည်။
အနည်းငယ်ရှည်လာသော ဆံပင်အလယ်ခွဲလေးမှာ လေတိုက်တိုင်း ခပ်နွဲ့နွဲ့ဟန်တိုးခွေ့သည်။ အပြုံးချိုချိုနှင့် မြို့သားလေးက ဖိုးဝလေးကို ချီ၍ မြစ်ဆိပ်မှာ အထုပ်တွေနဲ့အတူ စောင့်နေပါ၏။

"မြို့သားလေး သေချာပေါက်ပြန်လာရမယ်နော်။"

"ဟုတ်ကဲ့။"

"ကျုပ်တို့ကလေးတွေကို စာသင်ပေးမဲ့လူဆိုလို့ မြို့သားလေးပဲရှိတာ။"
ဆက်ဆက်ပြန်လာရမယ်နော်။"

ဖဲသမားလည်း အသဲနဲ့ပါ (Uni and Zawgyi)[Completed]Where stories live. Discover now